လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 8, 2012

ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ

ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ

စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံးထိပ်ပိုင်း ၁၀ နိုင်ငံစာရင်း ထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၇ နေရာမှာ ရှိနေကြောင်း အမေရိကန်နိုင်ငံ နယူးရောက်မြို့ အခြေစိုက် CPJ စာနယ်ဇင်း သမားများ ကာကွယ်ရေး ကော်မီတီက ထုတ်ပြန်တဲ့အစီရင်ခံစာ က ဖေါ်ပြလိုက် ပါတယ်။

သတင်းမီဒီယာ နဲ့ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံး လေး နိုင်ငံကတော့ Eriteria (အီရစ်တြီးယား)၊ မြောက်ကိုရီးယား၊ ဆီးရီးယား နဲ့ အီရန်နိုင်ငံတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရင်တုန်းက CPJ အဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ နံပါတ် ၂ နေရာမှာ ရှိနေခဲ့ရာက အခုဆိုရင် နံပါတ် ၇ နေရာ မှာ ရောက်နေပြီဖြစ်တဲ့ အတွက် ပြည်ပ အခြေစိုက် မြန်မာသတင်း စာမျက်နှာတွေ မှာ ဖျက်တောက် မှုများ လျော့နည်းလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဘီဘီစီ မြန်မာပိုင်း Facebook မှာ အများပြည်သူတို့ comment ပေးလို့ မရအောင် ပိတ်ပစ်ခဲ့တာတွေ ရှိခဲ့ပြီး Eleven ဂျာနယ် အင်တာနက် စာမျက်နှာ မှာလည်း comment များကို ပြန်ဖျက်တာတွေ ဒီနေ့ ထိ တွေ့နေရတုန်းလို့ သိရပါတယ်။

DVB မှာလည်း လွတ်လပ်စွာ ရေးသားခွင့်ကို ပိတ်ပင်ထားပြီး comment များကို ဆင်ဆာဖြတ်ပြီးမှ ဖော်ပြလေ့ရှိပြီး RFA မှာတော့ comment များကို စဉ်းစားပြီး သင့်လျှော်တယ်ထင်မှ ဖော်ပြမည်ဖြစ်ကြောင်းကို အောက်ပါ အတိုင်း ရေးထားပါတယ်။


ဧရာဝတီ စာမျက်နှာရဲ့ http://burma.irrawaddy.org/comment.php မှာလည်း ပြည်သူတို့၏ လွတ်လပ်စွာ ရေးသားချက်များကို ပြင်ဆင်ပြီးမှ ဖော်ပြမည်ဖြစ်ကြောင်းကို အောက်ပါအတိုင်း ရေးသားထားပါတယ်။


ပြည်ပအခြေစိုက် အစိုးရအတိုက်အခံ မြန်မာသတင်းစာမျက်နှာများဟာ ဒီမိုကရေစီအကြောင်း၊ လွှတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်အကြောင်းနဲ့ ဆင်ဆာဖြတ်တောက်ခြင်းကို ပြင်းပြင်ထန်ထန် ဝေဖန် ကြသူများ ဖြစ်ပြီး ၎င်း တို့ကိုယ်တိုင်လည်း ဆင်ဆာဖြတ်တောက် ပြင်ဆင်ခြင်းကို ပြင်းပြင်းထန်ထန်လုပ်နေကြောင်း သိရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...