လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 8, 2012

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ မနေ့က စတင်တဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်ရေး နိုင်ငံတကာ လှုပ်ရှားမှုအတွက် ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

Nobelprize.org
၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ဆုချီးမြင့်ကြောင်း နိုဘယ်လ်ဆုအဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။
အကြောက်တရားတွေကို ဖြစ်ပေါ်စေတဲ့ အမျိုးသမီးတွေအပေါ် မတရားပြုကျင့်မှုနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတကာမှာ ရှိနေတဲ့ အမျိုးသမီးထု တရပ်လုံးဆီ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေကို ကျွန်မတို့အားလုံး ဆောင်ကြဉ်းပေးကြပါစို့လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အမျိုးသမီးတွေအပေါ် မတရားပြုကျင့်မှုနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် အမျိုးသမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ ပါဝင်ဦးဆောင်တဲ့ နိုင်ငံတကာလှုပ်ရှားမှုကို မနေ့က စတင်လိုက်ပါတယ်။

ဒီ Campaign လှုပ်ရှားမှုတွေကို မေလ (၆) ရက်နေ့ ကနေ (၁၃) ရက်နေ့ အထိ မြန်မာအပါအ၀င် ကွန်ဂို၊ ကင်ညာနဲ့ ကမ္ဘောဒီယား လေးနိုင်ငံမှာ အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်တဲ့ မရီမွန်ထွန်းက ပြောပါတယ်။
အခုလို နိုင်ငံတကာ အဖွဲ့အစည်း ၅၀၀ နီးပါး ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အောင်မြင်ရေးအတွက် အရေးပါတဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ် မရီမွန်ထွန်းကို တာဝန်ပေးအပ်တာဟာ မြန်မာအမျိုးသမီး တစ်ဦးအနေနဲ့ ပထမဦးဆုံး ဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး နိုင်ငံတကာ လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာဖို့အတွက် ကနေဒါနိုင်ငံ အခြေစိုက် အမျိုးသမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များအဖွဲ့ ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...