လက်ဆောင်မွန်
အလွမ်းကိုသိမ်းဆည်းတတ်အောင်
လေ့ကျင့်ဖို့
နှလုံးသားကို အကြိမ်ကြိမ်နာကျင်စေခဲ့ပြီ။
ဘ၀အဓိပ္ပါယ်ကို ပီပြင်အောင်ဖွင့်ဆိုနိုင်ဖို့
ကျဆုံမှုများစွာရင်းနှီးခဲ့ဖူးပြီ။
ချစ်သူအပြုံးမှာ စံပယ်ကုံးတွေ
စီခြယ်ပေးဖို့
ချစ်သူ့အငြိုငြင် ကမ္ဘာပြိုတာထက်
ပိုကြောက်လို့
အတောင်တွေအပွန်းအပဲ့ခံ
လေနီကိုဆန်ခဲ့ပါ့မယ်။ ။
လေးစားလျက် (နေလင်း) မူပိုင် (ယုယ)
No comments:
Post a Comment