လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 8, 2012

ဒုတိယ သမ္မတ တစ်ဦးဦး နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်

နှုတ်ထွက်စာတင်ထားသည်ဟု သတင်းထွက်ပေါ်နေသည့် ဒုသမ္မတဦးတင်အောင်မြင့်ဦး
ပုဒ်မ ၇၃(စ) ။ ။ ဒုတိယသမ္မတ တစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နှုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စု အစည်းအဝေး ကျင်းပချိန် ဖြစ်ပါက ယင်းဒုတိယ သမ္မတကို ရွေးချယ်တင်မြှောက် ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက် အတွင်း ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရေး အတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်။
ပုဒ်မ ၇၃ (ဆ) ။ ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေး အတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။
 The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...