လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 8, 2012

အသည်းရောင်အသားဝါ ဘီပိုး


အသည်းရောင်အသားဝါ ဘီပိုး
ရောဂါတွေအများကြီးရှိတဲ့ အထဲကမှ “အသည်းရောင်အသားဝါဘီပိုး” လို့ခေါ်တဲ့ Hepatitis B Virus (HBV) ကို အရမ်းကြောက်ကြတယ်နော်။ ကြောက်လို့ပဲ ပိုးရှိမရှိစစ်ကြ၊ ကာကွယ်ဆေးထိုးကြနဲ့လေ။ တချို့ကလည်း HBV အကြောင်းကိုသိလို့ ကြောက်တာ၊ တချို့ကလည်းလူပြောများလို့ သူများတွေ ကြောက်လို့ ကြောက်ကြတာ။ :D HBV က တကယ်လည်း ကြောက်စရာကောင်းပါတယ်။ HBV က HIV ပိုးထက်တောင် အဆ ၁၀၀ လောက်ပိုပြီး ကူးစက်နိုင်တယ်လေ။ ကူးစက်ခံရပြီဆိုရင်လည်း ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပေမယ့်.. ဖြစ်ပြီဆိုရင်လည်း သေနိုင်တယ်လေ။ အဲဒီလောက် ကြောက်စရာကောင်းတဲ့ HBV အကြောင်းကို ပြောပြမယ်နော်။


HBV ဆိုတာ အသည်းရောင်အသားဝါရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေအများကြီးထဲကမှ တစ်ကောင်ပေါ့။ သူက ဘယ်မှာ ရှင်သန်နေနိုင်လဲဆိုတော့ တံတွေး၊ ချွေး၊ မျက်ရည်၊ သွေး၊ နို့ရည်နဲ့ သုတ်ရည် စတဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေမှာပါ။ အဲဒီတော့ ရောဂါပိုးတွေက အဲဒီအရည်တွေက ကူးတာပေါ့။ ဒါပေမယ့် မစင်မှာတော့ မရှိဘူးနော်။ အဲဒီတော့ မစင်ကနေတော့ မကူးနိုင်ပါဘူး။ ရောဂါပိုးရှိသူရဲ့ သွေးကိုသွင်းမိတဲ့အခါ၊ ရောဂါပိုးရှိသူကို ဖောက်ထားတဲ့အပ်၊ ဓားတွေ စူးမိရှမိတဲ့အခါ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မပါပဲ လိင်ဆက်ဆံမိတဲ့အခါတွေမှာ ကူးတတ်တယ်။ လူအများထင်နေကြသလို စကားပြောရင် ချောင်းဆိုး နှာချေတာနဲ့ မကူးစက်ဘူးနော်။ ကိုယ်ဝန်ဆောင်မိခင်မှာ HBV ရှိနေရင်လည်း ကလေးကို ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် HBV ကူးစက်ခံနေရပြီဆိုရင် ရောဂါပိုးခန္ဓာကိုယ်ထဲကို ၀င်တဲ့နေ့ကနေ ၁ လ ဒါမှမဟုတ် ၆ လ လောက်နေမှ ရောဂါလက္ခာဏာက ပြတယ်ဆိုတော့ ကိုယ်က ဘယ်လိုက ကူးလာတယ်ဆိုတာကို စဉ်းစားလို့ မရကြတော့ဘူး။

HBV ကူးစက်ခံရပြီဆိုရင် တချို့သူတွေက ပိုးဝင်ပြီး ၁ လကနေ ၆ လအတွင်းမှာ အသည်းရောင်အသားဝါရောဂါ ဖြစ်တတ်ပါတယ်။ ၉၀ - ၉၅ % လူနာတွေမှာ ရောဂါဖြစ်ပြီး ၆ လ အတွင်းမှာ လုံးဝပြန်ကောင်းပြီး HBV ကို တိုက်ထုတ်နိုင်တဲ့ပဋိပစ္စည်းတောင် ပေါ်လာနိုင်ပါသေးတယ်။ ဒါကြောင့် တချို့သူတွေက ဘီပိုးစစ်တော့ ပထမ တစ်ခါပေါ်တယ် နောက်တစ်ခါမရှိတော့ဘူးလို့ ဖြစ်သွားတာပေါ့။ ၅ - ၁၀ % ကျတော့ ရောဂါပျောက်သွားပေမယ့် နာတာရှည်ရောဂါပိုးသယ်ဆောင်သူ ဖြစ်သွားရော။
HBV ကူးစက်ခံရတဲ့ တချို့သူတွေကတော့ ဘာလက္ခဏာမှမပြပဲ နာတာရှည်ရောဂါပိုးသယ်ဆောင်သူ ဖြစ်သွားပါတယ်။ နာတာရှည်ရောဂါပိုးသယ်ဆောင်သူတွေထဲမှာ များသောအားဖြင့်ကတော့ ဘာရောဂါလက္ခဏာမှ မပြပါဘူး။ တချို့ကလည်း အသည်းရောင်အသားဝါရောဂါ ဖြစ်ပြီးတော့ အသည်းခြောက်၊ အသည်းကင်ဆာထိ ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အသည်းခြောက်၊ အသည်းကင်ဆာက ပိုးဝင်ပြီး ၅ နှစ်ကနေ အနှစ် ၂၀ လောက်ကြာမှ ဖြစ်နိုင်တာပါ။

 HBV ပိုးရှိနေတိုင်းလည်း သူများကို ကူးစက်စေနိုင်တာ မဟုတ်ပါဘူး။ တချို့သူတွေက သူများကို မကူးစက်စေပါဘူး။ အဲဒါကြောင့် တချို့ HBV ရှိသူတွေရဲ့ အိမ်ထောင်ဘက်တွေကို ရောဂါမကူးဘူးဆိုတာကတော့ HBV ရှိပေမယ့် ကူးစက်နိုင်တဲ့အခြေအနေ မရှိလို့ပါ။

အသည်းရောင် အသားဝါရောဂါရဲ့လက္ခဏာတွေကို ပြောပြမယ်နော်။ ရောဂါဖြစ်ပြီဆိုရင် အစပိုင်းမှာ - မောပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဖျားခြင်း၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ၀မ်းပျက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ တချို့တွေမှာ အင်ပြင်လိုအနီကွက်တွေ ပေါ်လာတတ်ပါတယ်။ ညာဘက်ဝမ်းဗိုက်ပိုင်းအပေါ်၊ နံရိုးအောက်နေရာမှာ နာနေနိုင်သလို အသည်းကြီးလာတာကိုလည်း စမ်းမိနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ရိုးရိုးဖျားသလိုပါပဲ။ အသည်းရောင် အသားဝါရောဂါမှန်း မသိသာပါဘူး။

နောက်ပိုင်းမှာတော့ မျက်လုံးဝါ၊ အသားဝါ၊ ဆီးဝါခြင်း၊ ၀မ်းအရောင်ဖျော့သွားခြင်း၊ ခန္ဓာကိုယ်ယားယံခြင်းအပြင် အသည်းကြီးလာလို့ နာတာကိုလည်း သိသိသာသာခံစားလာရပါတယ်။ ပြန်ကောင်းလာတဲ့အချိန်မှာ ၀ါတာတွေအပြင် ရောဂါလက္ခဏာတွေ အားလုံးဟာ သက်သာပျောက်ကင်းသွားမှာပါ။ အသည်းရောင် အသားဝါရောဂါဟာ ကိုယ်ခံအားမကောင်းသူတွေမှာ သေချာကုသမှုမခံယူရင်တော့ အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။

HBV ဟာ ကူးစက်လွယ်တယ်လေ။ ပြီးတော့ ကုသဖို့ ခက်ခဲပါတယ်။ ကုသမှုခံယူရင်လည်း ပိုက်ဆံ သိန်းရာဂဏန်းနဲ့ချီပြီး ကုန်ပါတယ်။ ဒီတော့ ကြိုတင်ကာကွယ်ထားတာအကောင်းဆုံးပါပဲ။ HBV ကို ဘယ်လိုကာကွယ်ရမလဲဆိုရင် ကူးစက်နိုင်မယ့် နည်းတွေကို ရှောင်ကြဉ်ရမှာပဲပေါ့။ အပျော်အပါး မလိုက်စားပါနဲ့။ ကွန်ဒုံးသုံးပါ။ ဆေးဝန်ထမ်းတွေဆိုရင် သွေးတွေနဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကို မထိမိအောင် သတိထားကာကွယ်သင့်ပါတယ်။ အသည်းရောင် အသားဝါဘီပိုးကာကွယ်ဆေး ထိုးထားရင်လည်း ၉၅ % ကာကွယ်ပေးပါတယ်။ ခုခေတ်မှာ မွေးကင်းစထဲက ကာကွယ်ဆေးထိုးပေးပါတယ်။

မထိုးရသေးတဲ့သူတွေလည်း ဆေးသုတေသနနဲ့ တခြားအပြင်ဆေးရုံ ဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးနိုင်ပါတယ်။
HBV ပိုးကူးစက်ခံနေရပြီဆိုရင် ရောဂါပိုးလုံးဝမရှိတော့အောင် ကုသဖို့မလွယ်ပါဘူး။ အဲဒီတော့ အသည်းရောင် အသားဝါရောဂါဖြစ်ပြီဆိုတော့မှ ရောဂါ သက်သာအောင်ပဲ ကုသရပါတယ်။ တချို့နာတာရှည် ရောဂါပိုးသယ်ဆောင်သူတွေမှာ HBV အရမ်းများနေရင်၊ ကူးစက်နိုင်ခြေ အရမ်းများနေရင်သာ HBV ကောင်ရေ လျော့နည်းစေတဲ့ ဆေးတွေ ပေးရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုးရှိရင်လည်း ကလေးကို မကူးစက်အောင် ကာကွယ်လို့ ရပါတယ်။

ဒီလောက်ဆိုရင် ကြောက်စရာကောင်းတဲ့ အသည်းရောင်အသားဝါဘီပိုး အကြောင်းကို သူငယ်ချင်းတို့လည်း တော်တော်သိသွားလောက်ပြီနော်။ ရင်နှင်းသူငယ်ချင်းလေးတွေ အသက်ကို ဥာဏ်စောင့်ပြီး အမြဲကျန်းမာပျော်ရွှင်ကြပါစေရှင်..။
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...