ငယ်ဘ၀ကို တစ်ခါလောက် ပြန်လည်ကာ
သွားရောက်ချင်မိတယ်..
အနမ်းပေါင်းများစွာနဲ့ အများတကာရဲ့ လက်တွေပေါ်မှာ
မပီတပီ စကားသံလေးတွေပြောပြီး
ကမ္ဘာကြီးကို လှောင်ရယ်မိသည်...။
ပါပါ့... မါမါ့ဆိုတဲ့
မှုန်ဝါးဝါး အသိလေးနဲ့
ရှူရှူးတောထဲ လူးနေတဲ့ ပေတေနေသော
ကိုယ်လေးကို ပွေ့ချီကာ နဖူးလေးကို
နမ်းပြီး ... နွေးထွေးသော မေတ္တာပေး၏..။
ပူသည် အေးသည်
မှန်သည် မှားသည်
အသိတရားလဲ မသိ
အကြောက်တရားလဲ မရှိသော်လည်း
စစ်မှန်သော ဖြူစင်ရိုးသား စိတ်သည်
အူဝဲ.. ဆိုသော ကလေးဘ၀တွင်သာရှိသည် ဧကန်...။
အခုတော့ ငယ်၇ွယ်တဲ့အပိုင်းကို
ကျော်လွန်လို့ အလတ်ပိုင်းကို
ဖြတ်သန်းနေရတာ ဒါ .. သဘာဝပါဆိုပင်မဲ့...
အခုများ နည်းနည်းသိတာတောင်
အနောက်ကိုပြန်ပြေးချင်မိ...(စိတ်ကူးလေးတစ်ခုသာ ဖြစ်၏)
အမြင်တွေ ကျယ်ပြန့်လာပြီး အတွေးတွေများလာသည်
အလုပ်တွေ လုပ်နေရင်း
အဆင်ပြေမှု မပြေမှုတွေကြား
အပြေးအလွှားနဲ့ တစ်ချိန်တစ်ခါ ...
လောဘ ဒေါသစိတ်က တိုးပွားလာမိသည်...။
ရှုပ်ထွေးတဲ့ ဘ၀ဆိုတာ အစကတည်းက ရှိပင်မဲ့
သိလိုက်ရတဲ့ အလတ်ပိုင်းမှာ ဒါဟာ ... ဘ၀ပါလားပေါ့ ..
ဘာမှလည်း မစဉ်းစားနေတော့ပါဘူး ...
ရှေ့ဆက်မဲ့ လမ်းတွေကို ကျောခိုင်းလို့လဲမရတော့ ..
ဆက်လျှောက်ရတာပေါ့....
ဘာကြောင့်ပဲဖြစ်ဖြစ် တစ်ခါတစ်ခါ သတိယမိတယ်..
သီချင်းလေးတောင် ရှိသေးတယ်...
- အပူပင်ကင်းတဲ့ ကလေးလေးဘ၀ကို
- တစ်ခါပြန်ပြီး အမှတ်ရနေမိတယ်..
ဘာရယ်မဟုတ် ကျွန်တော့်အတွေး ကျွန်တော့်အရေးကို ဖတ်ရှု့ကြသော အင်တာနက်သူငယ်ချင်းများ အထူးကျေးဇူးတင်လျက်
(လမင်း) http://www.nllamin.blogspot.com
No comments:
Post a Comment