လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, January 17, 2013

မောင့်ချစ်သူ မြန်မာမလေးတွေ


  • သနပ်ခါးကို ဘယ် ၊ ညာ လူး
  • ဆံထုံးလေးသာ ထုံး
  • မြန်မာ ရင်ဖုံးလေးနဲ့ လိုက်ပါတယ်
  • ကြည့်ဆန်းပါ မြင်သူ ငေး
  • ချောလှပါတယ်.. မောင့်ချစ်သူ မြန်မာမလေးရယ်...
 ကျွန်တော် ဒီသီချင်းလေးကို အလွန်ပင် စိတ်ဘ၀င်ကျမိပါ၏

မြန်မာလူမျိုးမှန်သော မြန်မာမလေးတွေ
မြန်မာ့ရဲ့ နိုင်ငံ့ဂုဏ် ၊ ဘိုးဘွား မိဘ ဂုဏ်၊
မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ် ၊
မြန်မာတို့၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ဂုဏ် စသည့်အရာတွေကို
ကမ္ဘာက သိအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့လိုပါတယ်... ။


လူမျိုးပေါင်းစုံ၏ မတူညီတဲ့
ဝတ်စားဆင်ယင်မှုအကြား အားကျစရာမလိုပါဘူး
ဈေးကြီးကြီးပေးပြီး အဆောင်အယောင်တွေ ၀တ်စားပြီး
လိမ်းချယ်တ့ အလှတရားက ခဏတာပါ... ။

ရိုးရှင်းပြီး မြင်သူတကာ အေးမြတဲ့
အလှတရားရဲ့ အစစ်မှန်ဟာ ..
မြန်မာလူမျိုးဖြစ်တဲ့ မြန်မာမလေးတွေအတွက် အနီးဆုံးမှာပါ... ။

ချောမှ လှမှ  ချစ်စရာကောင်းသည် မဟုတ်ပါ..
ကျက်သရေရှိရှိ ၀တ်စားတတ်တဲ့ မြန်မာမိန်းကလေးတိုင်းသည် ချစ်စရာကောင်းပါသည်လို့
ကျွန်တော် တွေးမြင်မိတာ ဧကန်..။

အသွင်မတူတဲ့ ခြားနားသောနေရာတွေကလာတဲ့
အယောင်ဆောင် အလှတရားတွေကို
ကျွန်တော်တို့ မြန်မာမလေးတွေအပေါ် ဖုံးလွှမ်းခြင်း မခံပါနဲ့

ဝိုင်းစုခိုင်သိန်း ပြောသလို (မက်လောက်စရာ) တစ်ကွက်မှ မရှိပါဘူး....။

မြန်မာနိုင်ငံမှာ မြန်မာမိန်းကလေးတွေအဖြင့်
ပိုင်ဆိုင်ရတာ ဂုဏ်ယူစရာ အရမ်းကောင်းပါတယ်.. မိန်းကလေးတွေဖို့

ထွေပြား ရှည်လျာအောင် ရေးချမနေတော့ပါဘူး ..
အရိုးဂုဏ် ၊
အမျိုးဂုဏ် ၊
နိုင်ငံဂုဏ်ကို
စောင့်ရှောက်ရင်း....မြန်မာမိန်းကလေးပီပီ ကျက်သရေရှိရှိနှင့် မောင့်ချစ်သူ မြန်မာမလေးပါလို့
ကျွန်တော်တို့ ကိုကိုတွေ ပြောလောက်အောင်ဖြင့် ...

မောင့်ချစ်သူ မြန်မာမလေးဖြစ်ပါစေလို့ . ဆုတောင်းပြောကြားရင်း......


လေးစားလျက်(လမင်း) http://www.nllamin.blogspot.com
2013 / 1 / 17

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...