
နင်.. ပျော်ရင် ပီးတာပဲ ဆိုတဲ့ စိတ်နဲ့
နင်.. နဲ့ ပတ်သက်ပြီး ပြောတဲ့
နင့်.. မကောင်းကြောင်းတွေ ငါ နားထဲမဆန့်
တီးတိုး ပြောဆိုတဲ့ လူတွေရဲ့
တံတွေးအောက်မှာ ငါ .. ခေါင်းငှတ်နေမိတယ်.. ။
တစ်ခါတစ်ခါ သူက အဲ့သလို မဟုတ်ပါဘူးလို့
နင့်ကို ကာကွယ်စေချင်တဲ့ စိတ်အပြင်
အရပ် (လေး) မျက်နှာရှိ မျက်လုံးတွေနဲ့
ငါ .. ရင်ဆိုင်ပြောဆိုခဲ့တာ နင့်ကို ချစ်လို့ပါ..။
ဒါကို နင်က အပြစ်မြင်စွာ ငါ့ကို ပြောသေးတယ်
ချမ်းသာခြင်း.၊ ဆင်းရဲခြင်းတွေနဲ့ နှိုင်းယှဉ်ပြနေတယ်
နင့်..အတွက် သိပ်ပြီး မက်မောစရာကောင်းတဲ့
(ငွေ) နောက်ကို လိုက်နေအုန်းမယ်ဆို နင်မှားတော့မယ်
ဒါကို နင်..မမြင်ဘူး .... ။
ရေ ၊ မီး ပြည့်စုံမှ သာယာမယ်ဆိုတာ နင်ထင်နေလာ ..
နင်.. နေထိုင်နိုင်မယ်ဆို ကြုံရာ ကျပန်း လမ်းတွေပေါ်မှာ
နင် နဲ့ အတူ ငါ ပျော်နိုင်ပါတယ်..
ဒါပင်မဲ့ နင်..ကတော့ Opposite ပါ....။
မချစ်တတ်သေးတဲ့ နင့်ကို
အပြစ်လဲ မမြင်ချင်တော့ပါဘူး ...
အချစ်ငတ်နေတဲ့ ငါ့ကိုယ် ငါပဲ...
အပြစ်တင်လိုက်တော့မယ်.... ။
အပြစ်တင်လိုက်တော့မယ်..။
လေးစားလျက် (လမင်း) http://www.nllamin.blogspot.com
၂၀၁၃ ၊ဇန်န၀ါရီ ၊ ၁၇ ရက်
No comments:
Post a Comment