လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, January 23, 2013

(ပလပ်ဖောင်းပေါ်က အရိပ်)


လမ်းဘေး ပလပ်ဖောင်းထပ်
စီးကရပ်စ် လက်ကြားညှပ်ကာ
ဆိုင်ကယ်ကိုလဲ တစ်ခါတစ်ခါပတ်စီးသည် ..

ပျော်စရာလဲ ရှိသည်
အမှတ်ရစရာလဲ ဖြစ်သည်
မေးရိုး ကကွဲ.... ဒူးကပြဲ အဖြစ်နဲ့
အမှောင်ထဲ တစ်ယောက်ထဲ လျှောက်နေတာ
လူစိုး လူမိုက်တော့ မဟုတ်ပါဘူးဗျ..။



လူသားချင်းတူပင်မဲ့..
ခံယူချက်နဲ့ စိတ်ထားချင်ကွဲလွဲတဲ့
လူတွေထဲက လူငယ်တစ်ယောက်တော့ သေချာတယ်..။

အိမ်ပြန်လမ်းက မှောင်နေပင်မဲ့
ဘ၀လမ်းတွေထပ်က မီးတိုင်တွေကို ရှာဖွေနေတတ်ခဲ့ပြီ...

စာသင်ချိန်မှာ ဘာသာစုံ အမှတ်ပြည့်
မအောင်ခဲ့ပင်မဲ့ ... သာမန်အဆင့်နဲ့
ပညာသင်နှစ်ကို ပြီးဆုံးခဲ့ပြီ....

ရဲလေးပြောသလို ( ဒီတစ်ခါ သားအလှည့်ပါတော့ ) မဟုတ်

ဝါသနာပါတာတွေကို
ပလပ်ဖောင်းဘေးမှာ တူးစွနေပြီး
ခမ်းခမ်း နားနားကြီး မရှိပင်မဲ့...
ရုပ်ပျက် ဆင်းပျက်ကြီးလဲ မဖြစ်သေးပါဘူး

ဗဟုသုတတွေ ရှာဖွေကာ စုဆောင်းနေပင်မဲ့
မပြည့်စုံသေးပါဘူး
တောင်ရေး မြောက်ရေးနဲ့ လဲ အလုပ်ရှုပ်နေတတ်သူ
ဒါပင်မဲ့... လူနှစ်မျိုးလောက်တော့
ဆက်ဆံနေထိုင်ခဲ့ဘူးပါတယ်...

အတွေးသစ်
အမြင်သစ်
တိုးတက်ဖို့လမ်းတွေ ပြောင်းလဲ ဖန်တီးလာတဲ့ ခေတ်ထဲမှာ
ပလပ်ဖောင်းထပ်က လူငယ်တွေကို
အထင်မသေးပါနဲ့ အခု.... ။


23 ဇန်န၀ါရီ 2013
 လေးစားလျက် (လမင်း)http://www.nllamin.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...