လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Saturday, May 11, 2013

\_/ာ.. အရက်တစ်ခွက်နှင့် အချစ်.....♥♥

\_/ာ.. အရက်တစ်ခွက်နှင့် အချစ်.....♥♥
Photo: \_/ာ.. အရက်တစ်ခွက်နှင့် အချစ်....♥

အရောင်အသွေး မပြည့်စုံတဲ့ 
ညဉ်းနက်ခေါင်လယ်မှာတော့ 
ကြယ်ရောင်တွေက ငါ့အတွက် သက်သေပေါ့ 
နင့်ကို သတိယတိုင်းလည်း
ငါ... မတတ်တစ်ခေါက် ကဗျာကယာတွေရေးမိတယ်..။

နင့်..အမြင်မှာ ငါ..ဟာ တန်ဖိုးနည်းပြီး 
ဂရုစိုက်မှုမရှိတဲ့ကောင်လို့ နင်ထင်ပင်မဲ့ .. 

နင့်ရဲ့ ဆန့်ကျင်ဘက် အတွေးမှာရှိတဲ့ ငါဟာ...
ငါ့အသက်ထက် နင့်ကို တန်ဖိုးထားနေသူပါ

နင့်လက်ကိုဆွဲ တခမ်းတနားကြီး
ငါ..အော်ပြောချင်တယ်.. 

ဒါဟာ ကျွန်တော့် နတ်မိမယ်ပါ.. 
ပိုင်ရှင်ရှိပါတယ်... လာပြီး မငြိတွယ်ပါနဲ့ 
ထာဝရ မြတ်နိုးရတဲ့ ချစ်သူဖြစ်လို့ပါပေါ့ ....။

(အခုတော့.... အခုတော့ အခုတော့)

ဝေးကွာစွာ ထွက်သွားပြီး .. 
နင်မုန်းလျှက်နှင့် ကျန်ခဲ့တဲ့ ငါဟာ.. ဒဏ်ရာတွေနဲ့ 
ရက်ရှည် လများ ငါ .. ဖြတ်သန်းနေရတော့ 

သွားစိတ် / လာစိတ် / ပေါင်းသင်းစိတ်တွေတောင် မရှိဘူး

နင့်ကိုလွမ်းတိုင်း သတိယတိုင်း ငါ..အရက်တစ်ခွက်တိုင်းကို 
ကျေးဇူးတင်တယ်.. ။

အရက်တစ်ခွက် တစ်ခွက်က ငါ့အလွမ်းဒဏ်တွေကို ... 
ခေတ္တ ခဏ ..မေ့ခွင့်တွေ ပေးနေလို့ပါ... ။

ရင်တွင်းဖြစ် (အန်လ်) 10/5/13

အရောင်အသွေး မပြည့်စုံတဲ့
ညဉ်းနက်ခေါင်လယ်မှာတော့
ကြယ်ရောင်တွေက ငါ့အတွက် သက်သေပေါ့
နင့်ကို သတိယတိုင်းလည်း
ငါ... မတတ်တစ်ခေါက် ကဗျာကယာတွေရေးမိတယ်..။

နင့်..အမြင်မှာ ငါ..ဟာ တန်ဖိုးနည်းပြီး
ဂရုစိုက်မှုမရှိတဲ့ကောင်လို့ နင်ထင်ပင်မဲ့ ..

နင့်ရဲ့ ဆန့်ကျင်ဘက် အတွေးမှာရှိတဲ့ ငါဟာ...
ငါ့အသက်ထက် နင့်ကို တန်ဖိုးထားနေသူပါ

နင့်လက်ကိုဆွဲ တခမ်းတနားကြီး
ငါ..အော်ပြောချင်တယ်..

ဒါဟာ ကျွန်တော့် နတ်မိမယ်ပါ..
ပိုင်ရှင်ရှိပါတယ်... လာပြီး မငြိတွယ်ပါနဲ့
ထာဝရ မြတ်နိုးရတဲ့ ချစ်သူဖြစ်လို့ပါပေါ့ ....။

(အခုတော့.... အခုတော့ အခုတော့)


ဝေးကွာစွာ ထွက်သွားပြီး ..
နင်မုန်းလျှက်နှင့် ကျန်ခဲ့တဲ့ ငါဟာ.. ဒဏ်ရာတွေနဲ့
ရက်ရှည် လများ ငါ .. ဖြတ်သန်းနေရတော့

သွားစိတ် / လာစိတ် / ပေါင်းသင်းစိတ်တွေတောင် မရှိဘူး

နင့်ကိုလွမ်းတိုင်း သတိယတိုင်း ငါ..အရက်တစ်ခွက်တိုင်းကို
ကျေးဇူးတင်တယ်.. ။

အရက်တစ်ခွက် တစ်ခွက်က ငါ့အလွမ်းဒဏ်တွေကို ...
ခေတ္တ ခဏ ..မေ့ခွင့်တွေ ပေးနေလို့ပါ... ။

ရင်တွင်းဖြစ် (အန်လ်) 10/5/13

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...