လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Saturday, May 11, 2013

အကြည့်တစ်ချက်

↓*-*↓(အကြည့်တစ်ချက်)↓*-*↓
Photo: ↓*-*↓(အကြည့်တစ်ချက်)↓*-*↓

ဟူးးးးး ... 
လုပ်ငန်းခွင်ရဲ့ တစ်နေ့တာကို ဖြတ်သန်းနေတာ .. 
နေ့တစ်ဝက်စောင်းသွားပြီး .. 

ပြောင်းလဲမသွားသေးတဲ့ .. နေ့တွေဟာ.. 
မနေ့ကလိုပါပဲ .. စိတ်ထည်းမှာ ပျင်းရိနေလို့လားမသိဘူး .. 

လှုပ်လှုပ်ရှားရှားသာရှိပင်မဲ့ .. စိတ်နဲ့ ကိုယ် မကပ်သလိုပဲ. . 
တွေ့သမျှ ထိုင်ခုံတိုင်းမှာလည်း .. အိပ်ချင်တယ်.. ။ 

အစားအသောက်တွေ မြင်တိုင်းလည်း စားချင်လို့. . စားဖြစ်တယ်...။
ဒါပင်မဲ့ အရသာ မရှိဘူး .. .။ ရာသီဥတုကလည်း ကြားထည်းက ပူနေလို့.. 
ရေကလည်း ခဏခဏ သောက်ရတယ်... ။ 

ဒီနေ့ ဘာအကြောင်းတင်ရမလည်းလုပ်တော့လည်း .. 
မနေ့ညက .. ရေးထားတဲ့ ကဗျာလက်ကျန်က. .. 
အိမ်မှာ .. မေ့ကျန်ခဲ့လို့ ခက်နေတယ်.. ။

ဒီနေ့တစ်နေ့တော့ .. ပျင်းရိနေတယ်.. 
ဒါပင်မဲ့ ... ပျော်စရာတစ်ခုတော့ အမှတ်တမဲ့ ၀င်လာတယ်.. 
ကိုယ်သဘောကြနေတဲ့လူ .. ပြုံးပျော်နေတာကို .. မြင်လိုက်ရတဲ့ ..အချိန်မှာ.. 
(အန်လ်အယ်လ်အေ)ရဲ့ မျက်နှာမှာ ခဏတာလေးတော့ .. ပြုံးပျော်မီလိုက်တယ်.. ။

ဒါကြောင့် အကြည့်ချင်းစုံရင် .. ရင်ခုန်တယ်ဆိုတာ ..မှန်သဗျ..။

♥♥! တွေတောင် ပြောရင်း .. ပိတီဖြစ်.. ။

(အန်လ်)9/5/13

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...