♥--*- နှလုံးသား တစ်စုံ ရှိခဲ့သည်-*--♥
ကျွန်တော်သိပြီ...
ကမ္ဘာဦးအစထည်းက အဖို နှင့် အမ ချပေးထားတာ ...
ထီးကျန်မှု့ကို မလိုလားလို့ပဲ... ။
ဒါကြောင့် လူတွေဟာ.. တစ်ယောက်ထည်းနေဖို့ဆိုတာ .. မဖြစ်နိုင်ဘူး ..
တစ်ယောက်ထည်း နေထိုင်မယ်ဆိုရင် .. ကြာလာလေလေ .. ရူးရူး ပေါပေါကြီး ..
ဖြစ်လာနိုင်လေပဲ... ။
ဒါကြောင့် တစ်ချို့က .. လုံးဝအပေါင်းအသင်း မလုပ်ပဲ တစ်ယောက်ထည်း အိမ်ထဲနေထိုင်ရင်..
အပေါင်းအသင်း မိတ်ဆွေအဖြစ် အိမ်မွေး တိရိစ္ဆာန်တွေနှင့် အတူ နေထိုင်ကြတယ်..။
ထို့ကြောင့် လောကကြီးရဲ့ အစမှာတောင်...
ထီးကျန်ချင်းရဲ့ သဘောတရားကို မသိမသာဖော်ပြထားတယ်လို့ တွေးမီလိုက်တယ်.. ။
ဘ၀ဆိုတာ ကိုယ်နဲ့ အနီးစပ်ဆုံး ပတ်ဝန်းကျင်နှင့်အတူ ..
မှီခိုနေထိုင်မှသာ... ရှင်သန်ခြင်း၏ အကောင်းဆုံးရလဒ်တွေကို ပိုင်ဆိုင်နိုင်မယ်..။
မချစ်တတ်ပါဘူး ..
အပေါင်းသင်းမလုပ်တတ်ပါဘူး..
အရှုပ်အထုပ်တွေ ဖြစ်ပါတယ်...ဆိုတဲ့ သဘောနဲ့ ..နေထိုင်မယ်ဆိုရင်...တော့ ..
လူသူ ကင်းမဲ့တဲ့ ..မဲဇာတောင်ကို သင်ကိုယ်တိုင် သွားနေပေတော့ .. ။
လူ့လောက စရောက်ပြီဆိုတာနဲ့ ..
သင်တို့အတွက် သံယောဇဉ် မေတ္တာတရားတွေနဲ့ ချစ်ချင်းတရားတွေကို ခံစားဖို့အတွက်..
သဘာဝကြီးကပေးလိုက်တဲ့ လက်ဆောက်ကတော့ .. (------------------------)
ဒီစာကိုဖတ်ဖြစ်တဲ့သူများ ..
ကိုယ့်ရင်ဘတ်ကို လက်ဖြင့် ကပ်ထားလိုက်ပါ.. listen to touch
ကျွန်တော့အတွေး အရေးဖြစ် ဖတ်ရှု့ကြသော သူငယ်ချင်းများ ကျေးဇူးတင်လျက်
(အန်လ်အယ်လ်အေ) 10/5/13

No comments:
Post a Comment