လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, October 9, 2014

ဘာကြောင့် ဒေါသထွက်ကြတာလဲ

>> ဘာကြောင့် ဒေါသထွက်ကြတာလဲ <<

အကြောင်းတရားများအရ ဖြစ်ပေါ်လာသော အကျိုးတရား(များ)ကို နှစ်သက်ခြင်းမရှိသောအခါ၊ လက်ခံလိုခြင်းမရှိသောအခါ၊ စဉ်းစားတွေးတောမှု မပြုနိုင်သောအခါ၊ ကြောင်းကျိုးဆက်စပ်ဖြေရှင်းဖို့ စိတ်ခိုင်မာမှုမရှိသောအခါ၊ အမြင်ကျယ်မှုမရှိသောအခါ 
ဒေါသ(ပြစ်မှားခြင်း၊ မုန်းခြင်း၊ ဖျက်စီးလိုခြင်းစိတ်) ထွက်တတ်ကြပါတယ်။ 
ကြောက်စိတ်က ထိုသို့ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။ 
စွဲလမ်းစိတ်က ကြောက်စိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။ 
အသိဉာဏ်နုံနဲ့မှုက စွဲလမ်းစိတ်ဖြစ်ပေါ်အောင် အဓိက တွန်းအားပေးပါတယ်။

ပညာ
 
No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...