ကြာသေးခင်က အမေရိကန်စစ်သားတဦးဟာ အာဖဂန် အရပ်သား (၁၇) ဦးကို
ပစ်သတ်ခဲ့ပြီးနောက် Post-Traumatic Stress Disorder (ခေါ်) ပြင်းထန်တဲ့
အန္တရာယ် ကြုံရအပြီး စိုးရိမ်ပူပန်မှု့ လွန်ကဲလာတဲ့
စိတ်ပိုင်းဆိုင်ရာရောဂါအကြောင်း ပိုမိုစိတ်ဝင်စားလာကြပါတယ်။
အမေရိကန်နိုင်ငံက
လေ့လာမှု့တခုအရ အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေက ပြန်လာတဲ့ စစ်မှု့ထမ်း
သုံးပုံ-တပုံမှာ ဒီစိတ်ရောဂါ ခံစားခဲ့ကြပြီး၊ သူတို့အနေနဲ့
ဒီစိတ်ရောဂါမရှိတဲ့ တခြားစစ်မှု့ထမ်းတွေထက်ဆရင် စစ်ပွဲအတွင်းမှရခဲ့တဲ့
ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက်လည်း မူးယစ်ဆေးပါတဲ့ ဆေးဝါးတွေ
ပိုသောက်ခဲ့ကြပါတယ်။
အခုလို မူးယစ်ဆေးပါတဲ့ ဆေးတွေ
သောက်သုံးခဲ့ရတဲ့ ဒီစစ်မှု့ထမ်းတချို့မှာ ပြင်းထန်တဲ့
အကျိုးဆက်တွေအနေနဲ့လည်း ယာဉ်တိုက်မှု့အပါအဝင် မတော်တဆ
ထိခိုက်မှု့တွေဖြစ်ခြင်း၊ အရက်စွဲလာခြင်း၊ အကြမ်းဖက်မှု့တွေလုပ်လာခြင်း၊
ကိုယ့်ကိုယ်ကို သတ်သေခြင်း နဲ့ မူးယစ်ဆေးဝါးတွေ အသုံးလွန်ပြီး
အသက်ဆုံးရှုံးတာတွေ ဖြစ်လာရတယ်လို့ ဒီလေ့လာမှု့မှာ ဖော်ပြထားပါတယ်။
တကယ်တော့
ဒီစိတ်ရောဂါဟာ အခုလို အသက်အန္တရာယ်ကြုံရတဲ့ စစ်ပွဲတွေကြောင့်အပြင်၊
လူအများအပြား သေဆုံးရတဲ့ ပြင်းထန်တဲ့ သဘာဝဘေးဒဏ်တွေခံရအပြီးမှာလည်း
ဒီကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို အပြန်ပြန်အလှန်လှန် စဉ်းစားမိကြပြီး
ကြောက်ရွံစိုးရိမ်မှု့ ပုံမှန်ထက် ပိုခံစားသွားရာကနေ ဖြစ်လာရတာပါ။
စစ်ပွဲဒဏ်၊
သဘာဝဘေးဒဏ်တွေပါ ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီစိတ်ရောဂါဖြစ်စေနိုင်တဲ့
တခြားဘယ်လို အန္တရာယ်မျိုးတွေ ရှိနေပါသေးသလဲ။ ဒီရောဂါကြောင့် ပြင်းထန်တဲ့
နောက်ဆက်တွဲတွေ မဖြစ်ရအောင် အရေးကြီးဆုံးကတော့ ဒီရောဂါလက္ခဏာတွေ ရှိလာခဲ့ရင်
အမြန်ဆုံး ဆေးရုံဆေးခန်းပြပြီး ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုပါတယ်။
ဒီရောဂါ စဖြစ်လာရင် ဘယ်လိုလက္ခဏာတွေ ဖြစ်လာလေ့ရှိပါသလဲ။
ဒီအကြောင်းတွေကို
VOA သတင်းထောက် Melinda Smith သတင်းပို့ထားတာနဲ့ အမေရိကန်နိုင်ငံက
စိတ်ရောဂါအထူးကု ဒေါက်တာမျိုးဝင်းကျော် ကို မေးမြန်းထားတာတွေကို
ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။
♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Friday, May 25, 2012
Subscribe to:
Post Comments (Atom)
Comment ;
HTML Comment Box is loading comments...
No comments:
Post a Comment