ဘ၀ရဲ့ စိန်ခေါ်မှုတွေကြား
တိုးဝှေ့ခဲ့ ပြီးပြီ
အပူဒဏ် အအေးဒဏ် မှန်သမျှနဲ့
လောကမှာ ရှင်သန်နေထိုင်ခဲ့တာ
(၇၅) နှစ်ကျော် ရှိပြီ
အခုချိန်ထိလည်း ရပ်နား၍
နေထိုင်ရသည်မဟုတ်
ကံကြမ္မာ အကျိုးမျှော်ကာကိုး၍
အပူမီးလည်း တောက်လောင်ခဲ့ပြီ
စိတ်ချမ်းသာခြင်းမျိုးလဲ တွေ့ရှိခံစားခဲ့ရပြီ
အမယ်အိုတစ်ယောက်ရဲ့ ဘွဲ့နဲ့အတူ
သေမင်းရဲ့ ခေါ်ဆောင်ချိန်ကို မကြောက်တန်း
လက်လှမ်း၍သာ နံနက်ဖြန်သည် ငါသိမရှိစိတ်နဲ့
မလွဲမရှောင် လူသားတိုင်း သွားရသည့်
အရပ်ကို လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားဖို့ အချိန်ဆိုတာ .. ငါသိမရှိ
ငှတ်တုတ်ထိုင်ကာ စောင့်မျှော်ရင်း ..
မရေရာမသေချာတဲ့ ငါ့ မနက်ဖြန်တည်းကို သွားဖို့
ဥစ္စာပစ္စည်း ၊ သားသမီး ၊ မြေးတို့ကို
အစွဲလန်းမရှိ ကျောပေးပြီး
ငါ ထွက်ခွာ သွားနိုင်ခဲ့ပြီး....။
လေးစားလျက် (လမင်း)
No comments:
Post a Comment