လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 10, 2012

၂ဝ၁၅ ဒီချုပ်အလားအလာ ဦးဌေးဦး ပြောကြား




၂ဝ၁၅ ခုနှစ် မြန်မာ့လွှတ်တော် အသိုက်အဝန်း အတွင်း လွှမ်းမိုးမှုရာခိုင်နှုန်းမှာ ယင်းပါတီ ရှေ့ဆက်၍ ပြည်သူ့အကျိုး မည်မျှလုပ်ဆောင်သည့်အပေါ် မူတည် နေေ ကြာင်း ပြည်ခိုင်ဖြိုးအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက မေလ ၂ ရက်နေ့က ပြည်သူ့လွှတ်တော် ခန်းမဆောင်ရှေ့တွင် မီဒီယာများအား ပြောသည်။
 ”သူဒီနေ့အချိန်မှာ ပြောဆိုခဲ့၊ ကတိပေးခဲ့တာတွေ ရှိကောင်းရှိပါမယ်။ ဒီကတိတွေ အပေါ်တည်မြဲမယ်။ ထိန်းသိမ်း နိုင်မယ်ဆိုရင် ပါတီအတွက် ဆက်ရန်ပေါ့”ဟု ၄င်းက   ပြော သည်။၂ဝ၁၅ အတွက် ထိုသို့ သုံးသပ်ပြောကြားသော်လည်း ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်းတွင်မှု NLD ပါတီက ပြည်သူ့အားပေးထောက်ခံမှု အပြည့်အဝရရှိခဲ့သည်ဟု ဝန်ခံပြောဆိုခဲ့သည်။


ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်း ပြည်သူ့ ထောက်ခံမှု အပြည့်အဝ ရရှိပုံ ရရှိနည်းနှင့် လူထုက မည်သည့်အတွက် မဲပေးသည်ကို ဦးဌေးဦးက ” Wave  ကြောင့်ပေါ့ဗျာ။ Wave   ဆိုတာ လှိုင်းပေါ့။ Wave အနေနဲ့ဆိုရင် သူတို့က လွှမ်းမိုးတာအမှန်ပဲ။ လွှမ်းမိုးလို့နိုင်တာပေါ့။ သို့သော် ဒါကို တည်တံ့ခိုင်မြဲအောင် သူတို့ထိန်းသိမ်းနိုင်ရင် မြဲမယ်။ မထိန်းနိုင်ရင် မမြဲဘူး။ ဒီလိုပဲ ကျွန်တော် မြင်ပါတယ်”ဟု ဆိုသည်။

Myanmar Express

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...