လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, May 10, 2012

နည်းပညာတက္ကသိုလ် သင်ရိုးသစ်ဖြင့် လာမည့်နှစ်တွင် သင်ကြားမည်






ပဋ္ဌာန်းချက်အသစ်များဖြင့် နည်းပညာတက္ကသိုလ် ကျောင်းသားများအား လာမည့်ပညာသင်နှစ်မှစကာ သင်ကြားပေးသွားတော့မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် ယခင်စက်မှုတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခကြီးများ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသော ပါမောက္ခများနှင့် ပညာရှင်များ စုပေါင်း၍ ညှိနှိုင်းနေသည်ဟု သိရသည်။ လက်ရှိ ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းစာအုပ်ပေါ်တွင် အခြေခံ၍ လိုအပ်သည်များကို ဖြည့်ခြင်း၊ ဖြုတ်ခြင်းများ ဆောင်ရွက်သွားမည့်အပြင် ကျောင်းပြီးသွားပါက ပြန်လည်ဖတ်ရှု လေ့လာနိုင်စေရန် အပိုင်းလိုက်ခွဲ၍ ထုတ်ဝေခြင်းအစား စာအုပ်ကြီးလိုက် ထုတ်ဝေခြင်းကိုလည်း ဆောင်ရွက်သွားမည်ဟု စက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ ဒေါက်တာငြိမ်းဝေက ပြောသည်။ 


နည်းပညာတက္ကသိုလ်များမှ စာသင်မှုစနစ်ပုံစံ ပြောင်းလဲ၍ စာမေးပွဲ စစ်ဆေးမှုနှင့် အအောင်အရှုံး ဆုံးဖြတ်မှုအချို့တို့ကို ပြုပြင်မှု ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့် အောင်စာရင်းတွင် စံချိန်တင်သည့် အကျ၊ အရှုံးများခဲ့ပြီး ဘွဲ့လွန်တန်းများသို့ တက်ရောက်ရန် အဆင့်မီသူ ဦးရေများစွာ လျော့ကျသွားခဲ့သည်။ သန်လျင်နည်းပညာတက္ကသိုလ်မှ အသက် ၂၀ ဝန်းကျင်ရှိ ကျောင်းသူတစ်ဦးက “ဂုဏ်ထူးရဖို့နဲ့ အောင်မြင်ဖို့ကို လွယ်လွယ်နဲ့ ရတော့မှာ မဟုတ်ဘူးလို့တော့ ကြားနေရတယ်” ဟု ပြောသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်၌ နည်းပညာတက္ကသိုလ် ၃၂ ခု၊ ကောလိပ် ၃ ခုနှင့် စက်မှု၊ လက်မှုသိပ္ပံကျောင်း ၁၁ ခုရှိရာ တစ်နှစ်လျှင် ကျောင်းသား ၂၀၀၀၀ နီးပါးခန့်  လက်ခံသင်ကြားပေးနေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...