လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, October 2, 2014

လဲရင် ပြန်ထ ဒါတို့ဘဝ

အရှုံးသမားဆိုတာ လောကမှာလူတိုင်း ဒီနာမည်တပ်ခံရဖူးပါတယ်။
ဒါပမယ့် လက်မြှောက် ကျဆုံးခြင်းတော့ အဖြစ်မခံပါနဲ့ ။
တစ်ခဏတာ အရှုံးပါ။ ဒီလောက်နဲ့ တော့ ဘ၀ကို အဆုံးမခံကြနဲ့ ပေါ့။ 
ကိုယ့်မှာ နောက်ထပ် ကြိုးစားပိုင်ခွင့်တွေ ရှိပါသေးတယ်။

ပထမတစ်ကြိမ်ရှုံးလည်းပဲ ဒီနေရာကနေ သင်ခန်းစာယူဖို့ ဆိုတာ တွေးလိုက်ပါ။ ကိုယ်လိုအပ်တဲ့ နေရာတွေကို ပြန်လည်ဖြည့်စွတ်ပြီး ဒုတိယ ခြေလှမ်းကို ဆက်လှမ်းဖို့ ကြိုးစားပါ။ ကြိုးစားနေသ၍ အခွင့်အရေးဆိုတာလည်းရှိနေပါတယ်။


တစ်ကြိမ်လဲတိုင်းသာ အားလျှော့ အရှုံးပေးစတမ်းဆိုရင် ကိုယ်ဟာ ယခုလို လမ်းလျှောက်နိုင်တဲ့ လူဖြစ်လာမှာတောင် မဟုတ်ဘူး။ လူဖြစ်လာမှတော့ ရည်မှန်းချက်တစ်ခုထားဖို့ တော့လိုတယ်။ ရည်မှန်းထားပြီးရင်လည်း သွားဖို့ တော့လိုတယ်။ ဘ၀မှာ မလဲကျဖူးတဲ့သူ၊ မကျရှုံး
ဖူးတဲ့သူဟာ ရှင်သန်မှုဆိုတာကိုတန်ဖိုးထားတတ်မှာမဟုတ်ပါဘူး။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...