လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, October 2, 2014

သေခြင်းတရား(၂)


သေခြင်းတရား ( ၂ )

ဘယ်ဟာ အရေးကြီးဆုံးလဲဆိုတာ သိဖို့ အမတန်လိုတယ်နော်။ အရေးမကြီးတာတွေက အရေးကြီးသယောင်ယောင်နဲ့ ကိုယ့်ဘဝထဲက အချိန်တွေအကုန်လုံးကို ယူသွားနေတာ၊ အချိန်ကမကျန်တော့ဘူး၊၊ တကယ်အရေးကြီးဆုံးအလုပ်ကို လုပ်ဖြစ်ဖို့ အချိန်သိပ်နဲနေတယ်။ နောက်ဆုံးသေခါနီးမှာ ကိုယ့်ဘဝကိုယ် နောက်ကြောင်းပြန်ပြီးတော့ စာရင်းချုပ်လိုက်မယ် ဆိုပါတော့။ ငါဘာတွေ လုပ်ခဲ့သလဲ၊၊ ဘယ်သူ့အတွက် လုပ်ခဲ့သလဲ။ငါလုပ်ခဲ့သမျှအားလုံးဟာ သူများဖို့ပဲ။သူများအထင်ကြီးဖို့ ငါ့ဘဝကို ငါနေပေးခဲ့တာ။ငါတကယ်လုပ်ချင်တဲ့ အလုပ်ကို မလုပ်ရသေးဘူး။သူများထက်သာဖို့ ကြိုစားနေရတာနဲ့ပဲ ငါ့ဘဝကိုငါ အဓိပ္ပါယ်ရှိရှိ မနေခဲ့ရဘူး။သူများကို မနာလိုဖြစ်နေရတာနဲ့ပဲ ငါ့ဘဝကိုငါ အဓိပ္ပါယ်ရှိရှိ မနေခဲ့ရဘူး။ နှမျောလိုက်တာလို့ တွေးမိရင် သိပ်နောက်ကျသွားပြီ၊၊


စာမေးပွဲမှာ ကိုယ်တကယ်တတ်တာကို ဖြေဖို့ထက် အမှတ်ရဖို့ကို အဓိကထားတော့ ခိုးဖြေတာတွေဖြစ်လာသလို အပြင်လောကမှာလည်း လူအထင်ကြီးခံရဖို့ကို အဓိကထားရင် ဟန်လုပ်ပြီး နေပြရမယ်။ အဲဒါ ဘဝစာမေးပွဲကို ခိုးဖြေတာဘဲ။ သေခါနီးမှာ ငါ့ကို အထင်ကြီးခဲ့တဲ့သူတွေ ဘယ်မှာလဲလို့ မေးရရင် ဘယ်လိုအဖြေထွက်မလဲ။

စစ်မှန်တဲ့ဘဝ၊ မှန်ကန်တဲ့ဘဝ၊ အတုအယောင်မဟုတ်တဲ့ ဘဝကို နေသွားဖို့နဲ့၊သေတဲ့အခါမှာလည်း ဘာမှဟန်လုပ်တာ၊ ဖုံးကွယ်တာမရှိ၊ အမှန်အတိုင်း အရှိအတိုင်း သိပြီး သေဖို့က တကယ်ခက်ခဲနက်နဲတဲ့ ဘဝပေးတာဝန် ဖြစ်ပါတယ်၊၊

သေမယ်လို့ မထင်တဲ့သူတွေ၊ အမြဲတမ်း အတူတူနေရတဲ့ သူတွေဟာ အတူတူနေရတဲ့ အချိန်တွေကို လက်ဆောင်ကောင်း တခုလို တန်ဖိုးမထားကြဘူး၊၊

ပစ္စည်းဥစ္စာ ဘယ်လောက်ရှိရှိ၊ ဘွဲ့ထူးရာထူး ဘယ်လောက်ရှိရှိ၊ ကိုယ့်ကိုယ်ကို လေးစားမှု မရှိတဲ့လူဟာ အောင်မြင်တဲ့လူ လို့ မဆိုနိုင်ဘူး။ ပစ္စည်းဥစ္စာတွေ လူအထင်ကြီးမှုတွေထက် အများကြီးမြင့်မြတ်တဲ့ အသိဥာဏ်တွေ ရနိင်လျှက်နဲ့ ရအောင်မလုပ်ရင် အားလုံးကိုထားခဲ့ပြီး သေရတော့မဲ့အချိန်မှာ ကိုယ့်ဘဝနဲ့ပါတ်သက်ပြီး ဘာကိုကျေနပ်နိုင်မလဲ၊၊

သေမှာကို လေးလေးနက်နက် သိတဲ့သူဟာ ပေါ့ပေါ့တန်တန်မနေဘူး၊၊ အချိန်မဖြုန်းဘူး။ တကယ်လုပ်ရကျိုးနပ်တာကို လုပ်မယ်။သေခြင်းတရားကို နက်နက်နဲနဲ သိတဲ့သူဟာ ဘဝကိုတန်ဖိုးရှိရှိ နေတယ်၊၊

ပြင်ပအဖေါ် ဆိုတာဟာ ကိုယ်နဲ့အတူတူ အမြဲတမ်း မပါနိုင်ဘူး။ အပေါ်ယံအဖေါ်ပဲ ဖြစ်မယ်။ခဏအဖေါ်ပဲ ဖြစ်မယ်။ အဆိုးဆုံးအခြေအနေကို ပြောရမယ်ဆိုရင် သေခါနီးအချိန် ရောက်ပြီဆိုပါတော့။ပါးစပ်ကလည်း ဘာမှ မပြောနိုင်တော့ဘူး။မျက်စိကလည်း ကြည့်လို့ မမြင်ရတော့ဘူး။နားကလည်း မကြားရတော့ဘူး။ ခန္ဓာကိုယ် ထိတွေ့မှုကလည်းပဲ ကောင်းကောင်း မသိတော့ဘူး၊၊ ထုံကုန်ပြီဆိုပါတော့။ စိတ်ကတော့ သိနေသေးတယ်။ အားငယ်တတ်၊ကြောက်တတ်တဲ့သူ ဆိုရင် ဒီလိုအချိန်မှာ သူ့စိတ်ထဲ ဘယ်လိုနေမလဲ။ တော်တော်ကို အားငယ်နေလိမ့်မယ်။ တော်တော်ကို ကြောက်နေလိမ့်မယ်နော်။ ကိုယ့်စိတ်ကိုသိသူ၊တရားကို အားထုတ်ပြီး နေတဲ့သူဆိုရင် အဲဒီအချိန်မှာ ကိုယ့်စိတ်လေးကိုယ် သိပြီးနေလို့ရတယ်။ အဖော်မလိုတော့ဘူးနော်။ နောက်ဆုံးအချိန်မှာ အဖေါ်မရှိပါဘူး။နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကိုယ် သိနေကျလူ ဆိုရင်တော့ အဲဒီသိနေတဲ့ ကိုယ့်ရဲ့ ဘာဝနာလေးက ကိုယ့်ရဲ့ တကယ့်အဖေါ် ဖြစ်လိမ့်မယ်နော်။ တကယ်တော့ ဘဝသံသရာခရီးကို တကိုယ်တည်း သွားနေရတာပါ။ အဖေါ်မရှိပါဘူး၊၊ခဏဆုံမိကြတာပါ။ ဒီဘဝမှာ ခဏလာဆုံပြီးတော့ ပြီးရင်လမ်းခွဲပြီး ကိုယ့်ခရီးကိုယ် ဆက်သွားကြရအုံးမှာပါ။သံသရာတလျှောက်လုံး လိုက်ပြီး အဖေါ်လုပ်ပေးမဲ့သူ မရှိပါဘူး၊၊

လူတွေကတော့ ကိုယ့်ဘဝကို ကိုယ့်အတွက် ကိုယ်နေတယ်လို့ ထင်ကြတယ်။အတ္တစွဲကြီးကြီးနဲ့ ဒီလိုပဲ တွေးကြမှာပါဘဲ။ဘယ်လိုဘဲအတ္တစွဲကြီးကြီးနဲ့ တွေးတွေး လူတွေဟာ ကိုယ့်ဘဝကို ကိုယ့်အတွက်ကိုယ်နေတာ မဟုတ်ပါဘူး။သူများအတွက် နေပေးနေတာပါ။ဆိုလိုတဲ့အဓိပ္ပါယ်က သူများအထင်ကြီးအောင် နေကြတာပါ။ သူများကျေနပ်အောင် နေကြတာပါ။ ငါဟာ အသိဥာဏ် ရှာဖို့အတွက် ဘယ်လောက်အချိန် ပေးခဲ့လဲ။
အလေးနက်ဆုံး အသိဥာဏ်က ဘဝနဲ့ပါတ်သက်တဲ့ အသိဥာဏ်ပဲ။ အဲဒီ ဘဝနဲ့ပတ်သက်တဲ့ အသိဥာဏ် ရဖို့ကိုတော့ သိပ်အချိန် မပေးနိုင်ကြဘူး။ ဒီလိုပဲနေသွားရင် သေခါနီးတဲ့အခါမှာ ငါတသက်လုံး အပေါ်ယံလေးရှပ်ပြီးနေခဲ့တာပဲ ဆိုပြီး ယူကျုံးမရ ဖြစ်ရလိမ့်မယ်။

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...