သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ခံယူတတ်ကြတယ်။
သူတို့ က သူတို့ ဘ၀ကို ပေးဆပ်ပြီးတော့ ပညာကိုရှာကြတယ်၊
အတွေ့ အကြုံကို ယူကြတယ်။ သူတို့ ကိုယ်တိုင်လည်း ကျောင်းသားပဲလို့ ခံယူကြတယ်။
သူများရဲ့ အခက်ခဲတွေကို ဖြေရှင်းပေးပြီး သူတို့ လိုချင်တဲ့ အတွေ့ အကြုံကောင်းတွေကို ရယူကြတယ်။ သင်စရာတွေ တမက်တမော သင်ယူလေ့ရှိကြတယ်။ ဒီ့အတွက်ကြောင့်
အများရဲ့ မေတ္တာကို အပြည့်ရတယ်။
သူများအခက်ခဲကို ကိုယ်က ဖြေရှင်းပေးတဲ့အတွက် ကိုယ်လည်း တန်ပြန်အကျိုးခံစားရတာပေါ့။ ဒီအကျိုးတရားတွေထဲမှာ ငွေကြေးတွေလည်း ပါတာပေါ့။
ဒါကြောင့် ငွေနောက်ကို လိုက်တဲ့သူတွေက ပတ်ဝန်းကျင် လူ့ အသိုင်းဝိုင်းဆိုတာကို လစ်လျူရှု့ ကြတဲ့အတွက် လူတွေ ရဲ့ ပေးဆပ်မှုကို မရဘဲ၊ ငွေကြေးဆိုတာကို မရဘဲ၊ ဘ၀ရဲ့ အတွေ့ အကြုံတွေ၊ သင်ခန်းစာတွေပဲ ရသွားတာပါ။
အတွေ့ အ ကြုံကို ရှာတဲ့သူတွေကျ သူတစ်ဖက်သား အပေါ် ပေးဆပ်ခြင်းတွေနဲ့ အရင်းပြုတဲ့အတွက် ထိုသူတို့ ဆီကလည်း ငွေကြေးဆုလာဒ်တွေကို ရရှိလိုက်တာပဲ ဖြစ်ပါတယ်။
ငွေဆိုတာကို အဓိကထားတဲ့သူတွေအတွက် အတွေ့ အကြုံနဲ့ သင်ခန်းစာတွေ
ရတတ်ပြီး၊ အတွေ့ အကြုံဆိုတာကို ရှာဖွေတတ်တဲ့သူတွေကတော့ ငွေကိုရရှိတတ်ပါတယ်။

No comments:
Post a Comment