လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, September 20, 2012

မြန်မာပြည်မှမြန်မာလူမျိုး



ထိမ်းမြားခြင်း (၁၀)မျိုး
Category: Books
Genre: Literature & Fiction
Author: လူနေ
၁။ “ပုဆိုးတန်းတင် ထိမ်းမြားခြင်း” သတို့သား ၊ သတို့သမီးနှစ်ဦးသည် ပ၇ိတ်သတ်အလယ်သို့ မထွက်ဘဲ မိမိတို့၏အိမ်မှာသာ လွတ်လပ်စွာနေကြပြီး ပ၇ိတ်သတ်များ စားသောက်ပြီး ပြန်သွာသောအခါမှ သတို့သမီး၏ အိပ်ခန်းအတွင်းရှိ ကြိုးတန်း၌ သတို့သားပုဆိုးကို လှမ်းတင်ခြင်းကို ခေါ်သည်။

၂။“လက်ဆုံစား ထိမ်းမြားခြင်း” သတို့သား ၊ သတို့သမီးတို့သည် ထမင်း (သို့) မုန့်ပဲသရေစာများကို လူကြိးမိဘများ ရှေ့မှောက်၌ လက်ဆုံစားခြင်း ဖြစ်သည်။

၃။“လက်စွပ်လဲလှယ်ပြီး ထိမ်းမြားခြင်း” သတို့သားဝတ်ဆင်ထားသော လက်စွပ်ကို သတို့သမီးသို့ ပေးပြီး ၀တ်ဆင်ပေးခြင်း၊ သတို့သမီးဝတ်ဆင်ထားသော လက်စွပ်ကို သတို့သားသို့ ပေးပြီးဝတ်ဆင်ပေးခြင်းကို မည်၏။

၎။“အ၀တ်ပေးပြီး ထိမ်းမြားခြင်း” သတို့သားက သတို့သမီးအိမ်သို့သွားသည့်အခါ သတို့သမီးဆွေမျိုးများက သတို့သားအားေ၇ချိုးစေပြီး အ၀တ်ပုဆိုးအသစ်ကို လဲလှယ်ပေးခြင်းဖြစ်သည်။

၅။“လက်ထပ်၇်ျ ထိမ်မြားခြင်း” သတို့သမီး၏ လက်ယာလက်ကိုဖြန့်စေ၇်ျ သတို့သား၏ လက်ယာလက်ကိုအပေါ်မှထပ်စေပြီး ဘိသိတ်ဆ၇ာဖြစ်စေ ။ လူကြီး လူကောင်းတစ်ဦးမှဖြစ်စေ ပ၇ိတ်သတ်အလယ်တွင် ထိမ်းမြားခြင်းဖြစ်သည်။


၆။ “ဒါလီဖွဲ့ရ်ျ ထိမ်းမြားခြင်း” သတို့သား ။ သတို့သမီး နှစ်ဦးစလုံး၏ ဦးခေါင်း ဆံ့ဝင်လောက်အောင် စွပ်ရသော ရွှေဆွဲကြိုးကို ပန်းကုံးသဖွယ်ပြုလုပ်၇်ျ သတို့သား ၊ သတို့သမီးနှစ်ဦးစလုံးအား တစ်ပြိုင်နက်စွပ်ပေး၇်ျ ထိမ်မြားခြင်း ဖြစ်သည်။

၇။“စုလျား၇စ်ပတ် ထိမ်းမြားခြင်း” သတို့သမီးလွှားခြုံထားသော စုလျား တစ်ဘက်(သို့) ပုဝါကို သတို့သား ၊ သတို့သမီး နှစ်ဦးအား ရစ်ပတ်ပြီး ထိမ်းမြားခြင်းဖြစ်သည်။

၈။“ပန်းကုံးစွပ်၇်ျ ထိမ်းမြားခြင်း” သတို့သားနှင့် သတို့သမီးတို့ေ၇ှးဦးစွာစွပ်ထားသော ပန်းကုံးအား တစ်ဦးနှင့်တစ်ဦး လဲလှယ်စွပ်ပေးခြင်း ဖြစ်သည်။

၉။“ရေခွက်၌ လက်ဆုံချ၇်ျ ထိမ်မြားခြင်း” ရေထည့်ထားသောေ၇ခွက် ၊ ရေဖလားတွင် မင်္ဂလာရှိသော အောင်သပြေပန်းများထည့်၇်ျ သတို့သား၊ သတို့သမီးတို့၏ လက်ယာလက်များကို ချထားစေပြီး ထိမ်းမြားခြင်းဖြစ်သည်။

၁၀။“ဦးထိပ်၌ ရေစင်သွန်းဖြန်း၇်ျ လက်ထပ်စေခြင်း”ေ၇ွှခွက် ၊ ငွေခွက် စသည်တို့၌ န၀၇တ်ကိုးသွယ် နံ့သာငါးပါးတို့ကို သွေးထည့်ပြီး သတို့သား ။ သတို့သမီးတို့၏ ဦးခေါင်းထက်မှ သပြေခက်နှင့်ဖြန်းပတ်သွန်းလောင်း၇်ျ ထိမ်းမြားခြင်း ဖြစ်သည်။
(လူနေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...