လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 22, 2013

ရွှေမြန်မာပြည် စည်းကမ်းညီဖို့

အများတကာ ပြည်သူလူထုကြားမှာ
သတိပေး အသိပေး
ကြော်ငြာဆိုင်းဘုတ်တွေ  ပြသထားသော်လည်း
မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်များနေတာကြောင့်
အသေအပျောက်တွေ များနေတယ်... ။

အသိပေး နှိုးဆော်ပင်မဲ့
စည်းကမ်းမဲ့ နေထိုင်ပြုမှုသူတွေကြောင့်
သတင်းစာရဲ့ စာမျက်နှာ ပေါ်တွေမှာ
အသေအပျောက်တွေနဲ့ ဆင့်ကဲ ဆင့်ကဲ
ကား လေး/ ငါး စီး ဆင့်တိုက်တာတွေ
ဆိုင်ကယ် မဆင်မခြင် မောင်းနင်းမှုတွေကြောင့် မှောက်တာတွေ
ဆိုင်ကယ်နှင့် ကားတိုက်တာတွေ အစရှိသည့်.... ။

စည်းကမ်းမဲ့ မောင်းနင်းခြင်းတွေ များပြားတာကြောင့်
မဖြစ်သင့်ဘဲနဲ့  ယာဉ်တိုက်မှုတွေ
ခဏ.. ခဏ ကြားနေ မြင်နေရတာ .. စိတ်တွင် ဘ၀င်မကျချေ..။


မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ ဆိုတဲ့စကားတွေ...
လမ်းဘေး ဆေးလိပ်မသောက်ရ နေရာတွေ...
ကွမ်းတံတွေးမထွေးရ / အမှိုက်မပစ်ရ အစရှိသည့် အသိပေးဆိုင်းဘုတ်တွေပေါ်မှာ
စည်းကမ်းမဲ့ ပြုမှုနေထိုင်ချင်းကြောင့်
ဘေးဒုက္ခတွေလည်း တွေ့ကြုံနေရပင်...။

ကိုယ်အိမ် ကိုယ်ရွာ ကိုယ်နေရာမဟုတ်လို့
စည်းမဲ့ကမ်းမဲ့ ဖြစ်နေသလား ....?
ကိုယ်အိမ်မှာတင် စည်းကမ်းရှိနေရုံနဲ့လည်း မလုံလောက်ပင် ဧကန်..။

အိမ်မှာနေ အိမ်စည်းကမ်း
ကျောင်းမှာနေ ကျောင်းစည်းကမ်း
လမ်းမပေါ်တွင်လည်း လမ်းစည်းကမ်း
သူ့နေရာ / သူ့ဒေသ အလိုက် စည်းကမ်းဆိုတာ ရှိပေ၏..။

မသိလျက်နှင့် မလိုက်နာ မိတာလား ...။
သိလျက်နှင့် မဆင်မခြင် နေထိုင်သလား.....။

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလမှာ
မြန်မာစာမတတ်တဲ့ လူတွေတော့
မရှိလောက်ပါဘူး ထင်ပါသည်...
(အဲ့သလို စကားကြောင့် ရိုင်းရာဖြစ်မလား .. ဖြစ်ခဲ့ရင် .. (စာလေးနှင့်တကွ တောင်းပန်လိုက်ပါတယ်..)

အမိနိုင်ငံ စည်းကမ်းရှိကြောင်းကို
အခြားသော ရေခြား မြေခြားမှ
လာရောက် လည်ပတ်နေထိုင်ကြသော နိုင်ငံခြားသား ဧည့်သည်များကို
တစ်ထောင့်တစ်နေရာကနေ မြင်သာအောင် (ရွှေမြန်မာသည်  စည်းကမ်းညီ)

လက်ရှိ စည်းကမ်းမဲ့စွာ ပြုမှုနေထိုင်မှု လျော့နည်းအောင်
တတ်နိုင်သမျှ ၀ိုင်းဝန်းပြီး စည်းကမ်းစောင့်ထိန်း၍
လူများစု စည်းကမ်းရှိစွာ တစ်ဆတစ်ဆနှင့် အဆပေါင်းများစွာ လိုက်နာကျင့်သုံးမယ်ဆို.. ။
(ရွှေမြန်မာပြည် ၀င်းဝါတောက်ပမည်)

စည်းကမ်းရှိမှ ဘေးကင်းကွာ၍ ---

  • စည်းကမ်းသည် လူ့တန်ဖိုး
  • စည်းကမ်းရှိလျင် တန်ဖိုးရှိမည် ဆိုသလို...

ကျွန်တော့်အတွေး အရေးလေးနဲ့ ဖတ်ရှု့သွားကြသော သူငယ်ချင်းများကို အထူးပင်လေးစားလျက် (လမင်း)
http://www.nllamin.blogspot.com



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...