အခွင့်အရေးသမားတွေဖြစ်နေတာ ရှက်တတ်စမ်းပါ
‘ပြည်ထောင်စုအရေးနှင့် အတွေးအမြင်များ’ အမည်ရှိစာအုပ် ထုတ်ဝေတယ်ဆိုတော့ စိတ်ဝင်စားပြီး သွားကြည့်လိုက်တယ်။ ထုံးဆန်အတိုင်းပဲ သူတို့ပြည်နယ် သူတို့လူမျိုးစုအတွက် အခွင့်အရေးတောင်းထားတာကြီး ဖြစ်နေတယ်။ ငါတို့က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်တယ်။ ဒါ့ကြောင့် ဟိုအခွင့်အရေး ရသင့်တယ်။ ဒီအခွင့်အရေးရမှ ဖြစ်မယ် (ဗမာလဲ တိုင်းရင်းသားပဲဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ တိုင်းရင်းသားလူများစုဖြစ်တာနဲ့ တိုင်းရင်းသားလူနည်းစုဖြစ်တာပဲ ကွာခြားတာပါ) စသဖြင့် ၊ စသဖြင့် အခွင့်အရေးတောင်းထားတဲ့ စာအုပ်ကြီးဗျ။ တကယ့် အတ္တကြီးတဲ့ သူတွေပဲဗျာ။ ခင်ဗျားတို့ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ချင်း တွေက ယောကျားတွေဖြစ်ပြီး. . . ဘာလို့ အခွင့်အရေးတွေပဲ ထိုင်တောင်းနေကြတာလဲ? အမြဲဆိုသလို ခင်ဗျားတို့ ပြည်နယ်နဲ့ လူမျိုးစု အခွင့်အရေးပဲ တောင်းနေကြတယ်။ မင်းတို့ မိဘတွေက လူ့ဘ၀ဆိုတာ အခွင့်အရေးပဲ တောင်းနေရမယ်လို့ သင်ပေးထားတယ် ထင်တယ်။ အမိနိုင်ငံကို ချစ်ရကောင်းမှန်း … .. မသိ.. . အမိနိုင်ငံအပေါ်မှာ တာဝန်ကျေရမှန်း . . . မသိကြဘူးနော်။ ခင်ဗျားတို့ကို အခြေခံ လူကျင့်ဝတ်လေး တစ်ခုကို ပြောပြမယ်ဗျ။ နိုင်ငံသားရဲ့ အခွင့်အရေးကို လိုချင်ရင် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကိုသိရမယ်.. ထိုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့လဲ ကြိုးစားရမယ်ကွ။ လူပီသချင်ရင် မင်းတို့တွေ နေ့စဉ်နဲ့အမျှ အခွင့်အရေးပဲ တောင်းနေတာကိုရပ်ပြီး
☀ မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ရခိုင်တွေ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးတွေ ပြောကြစမ်းပါ။
☀ မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ရှမ်းတွေ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးတွေ ပြောကြစမ်းပါ။
☀ မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ကရင်တွေ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးတွေ ပြောကြစမ်းပါ။
☀ မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ကချင်တွေ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးတွေ ပြောကြစမ်းပါ။
☀ မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ မွန်တွေ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးတွေ ပြောကြစမ်းပါ။
☀ မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ကယားတွေ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးတွေ ပြောကြစမ်းပါ။
☀ မြန်မာနိုင်ငံကြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါတို့ ချင်းတွေ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်သိသိ တခုခုလုပ်ပေး ရအောင်ဆိုတဲ့ တိုက်တွန်းတဲ့ စကားလေးတွေ ပြောကြစမ်းပါ။
ကိုးကားခဲ့ပါသည်..။ လေးစားလျက် လမင်း
No comments:
Post a Comment