လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, February 19, 2012

အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ

အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ



ကျွန်တော်ဟာ ၂၁ ရာစုထဲမှာ လမ်းလျှောက်နေရတဲ့ လူငယ်တစ်ယောက်ပါ
ကျွန်တော်တို့ ခေတ်မှာတော့ အရမ်းကို တိုးတက်လာပါပီ .. နည်းပညာ၊ အတတ်ပညာ
ပိုင်းဆိုင်ရာ ဗဟုသုတ၊ ပညာများနှင့်အတူ တိုးတက်ခေတ်မှီလာသည့် ခေတ်ကြီး တစ်ရက်လည်း
ဖြစ်ပေသည်..။

ကျွန်တော်သိခဲ့တဲ့ ခေတ်ကြီးမှာ ငွေဟာလည်း ဒုတိယ ဘုရားသခင် အဖြစ် သတ်မှတ်နေရာယူ
ဝင်ရောက်လာပါတယ်.. ဘယ်လောက်တောင်လဲဆိုတော့ ပျက်စီးမှုအားလုံးအတွက် ငွေအဖြစ်အစားထိုး
လဲလှယ်ခြင်းဟာ လူတွေရဲ့ စိတ်ထဲမှာ ၇၅ / ၈၀ % လောက် ဒီလိုတွေပါဘဲ.. ကျွန်တော့် ပတ်ဝန်းကျင်မှာ
မြင်နေထင်နေရပါတယ်.. ။

ဒါကလဲ တကယ်ကိုဟုတ်လို့ နီးပါးပါဘဲ လောကကြီးမှာ အဆင်ပြေဖို့အတွက်  လူတွေဟာ
လက်မြှောက်လောက်အောင် ငွေကို ဦးစားပေးနေပါတယ်..
ရှေးထုံးလဲ မဖယ်နဲ့ ဈေးသုံးလဲ မကြွယ်နဲ့ ပေါ့ .. ဒီခေတ်ကြီးထဲမှာတော့
အချစ်တွေ ရင်းနှီးမှုတွေ သံယောဇဉ်တွေနဲ့ ဆန်မှ ၀ယ်စားလို့ မရတာ ..။

ကျွန်တော် တစ်ခုမေးချင်တယ် ငွေဆိုတဲ့ အရာက တကယ်ဘဲ အရေးပါသလား ..
အပေါင်းအသင်း မိတ်ဆွေကောင်းတွေရော ငွေထက် အရေးမကြီးဘူးထင်သလား..
ကျွန်တော်ကတော့ ငွေထက် မိတ်ဆွေကောင်းတွေ အပေါင်းသင်းကောင်းတွေ ဆုံးရှုံးရမှာကို
နှမြောတယ် ကြောက်မိတယ်..။

လူတွေကလဲဗျာ သုံးနိုင်တဲ့ လူတွေအပေါ် ဆက်ဆံမှုတွေနဲ့
မသုံးနိုင်တဲ့ လူအပေါ်ကျတော့ ဆက်ဆံမှုတွေက နေ နှင့် ည တောင်မခံဘူး
(ဗုန်းတိုင်း.. အုန်းဆိုင်း.. )ဘဲ ချက်ခြင်းပြောင်းလဲသွား လွယ်တယ်..။

ငွေဆိုတဲ့အရာဟာ အသုံးပြုဖို့အတွက်ဘဲ အရေးပါတာပါ ငွေကို ကိုင်ပြီး မောက်မာအနိုင်ကျင့်ဖို့အတွက်
မဟုတ်ပါဘူး .. လူတိုင်းဟာ ငွေကို အသုံးပြုတာခြင်းတူပေမဲ့..
အသုံးချတာခြင်း မတူကျပါဘူး..။

(ဥပမာ ။ . ။ တစ်ချို့က ဒီငွေတွေနဲ့ မမောက်မာဘူး .. အမြင်မကျဉ်းဘူး
တစ်ချို့ကျတော့လည်း ဒီငွေတွေနဲ့ မောက်မာ မတူမတန်လို ဆက်ဆံကျတယ်..
တစ်ချို့က သူတို့နဲ့ ရင်မောင်တန်းဖို့ မမှီတဲ့ လူတွေအပေါ် အထင်သေးနှိမ်ခြင်းကျတယ်
အံသြစရာဘဲ သေရင် ကိုယ့်ကို လွမ်းရစ်မှာက ဘယ်သူဖြစ်မလည်း (ငွေလား .. လူလား ဗျာ)

သိတာလား မသိချင်အောင်ဆောင်တာလား ..
ဒါကို နှိုင်းယှဉ်ပြီး ပြောနေရရင် အရှည်ကြီးပါ..။
စာနာ နားလည်းပေးကြပါ.. လောကဒဏ်ရဲ့ အလယ်မှာ လှုပ်ရှားနေရင် ပိုက်ဆံဘဲ အလူးအလဲ ရှာနေရင်းနဲ့
တစ်စိမ်းတစ်ယောက်ကို ခလုတ်တိုက်ချင်ကျတယ်..။

သုံးနိုင်တဲ့ လူတွေအပေါ် ဆက်ဆံရေးတွေနဲ့
မသုံးနိုင်တဲ့ လူတွေကျတော့ ထိုးလိုက်ကျတာ လက်ညှိုပေါင်းများစွာနဲ့ .. /ဘာတွေကွာခြားနေလို့လဲ.။

ငွေကိုလိုအပ်တာထက် ပို၍ မမက်ချင်ပါဘူး..
ငွေထက် မိတ်ဆွေစစ် မိတ်ဆွေအမှန် အပေါင်းသင်းကောင်းတွေကို လိုအပ်တာထက် ပို၍ မက်ပါတယ်.. အလေးနက်ထားပါတယ်..။
တကယ်လို့ အပေါင်းသင်းတွေက ကျွန်တော့်ကို ငွေရှိမှ ပေါင်းသင်းမိတ်ဆွေဖွဲ့မယ်ဆို
ငွေမရှိပါနဲ့လို့ ငွေရှိမှခေါ်မဲ့ အပေါင်းသင်းတွေအတွက် မခေါ်ပါနဲ့ကွာလို့ ပြောနိုင်ပါတယ်.. ။

ငွေရဲ့တုန့်ပြန်မှုကြောင့်  ဖြစ်လာတဲ့ ခံစားချက်ထက် အပေါင်းသင်းမိတ်ဆွေစစ်တွေပေးတဲ့
တုန့်ပြန်မှုကို ပို၍ အလေးနက်ထားပါတယ်.. ငွေဆိုတာ တန်ဖိုးဖြတ်တဲ့ ကရိယာတစ်ခုပါ..။
မိတ်ဆွေ အပေါင်းသင်းတို့၏ တစ်ဦး နဲ့ တစ်ဦးလေးစားမှုတွေက တန်ဖိုးဖြတ်ဖို့ ခက်ခဲပါတယ်..။

ဒါတွေကို နှိုင်းယှဉ်ပီး ပြောသည့်အခါ လူတွေက အဓိက ဇာတ်ကောင်းတွေပါဘဲ
မင်းသားလဲ ကျွန်တော်ဘဲ ၊ မင်းသမီးလည်း ကျွန်တော်ဘဲ၊ ကုမ္ပဏီသူဌေး၊ ဒါရိုက်တာ၊
ဆိုက်ကားသမားလဲ ကျွန်တော်ဘဲ လူဆိုးလည်း ကျွန်တော် လူကောင်းလည်း ကျွန်တော်ဘဲ ဖြစ်နေကျတာပါ
ဟား ... ဟားး ရယ်တောင် ရယ်ချင်သေးတယ်.။

ငွေ နဲ့ ပတ်သက်ပီး ပြောချင်ဆုံးက အသိဥာဏ်ရှိတဲ့ သတ္တ၀ါက အကြောက်ရဆုံးပါ..
တကယ်တော့ အပေါင်းသင်းကောင်း မိတ်ဆွေကောင်း ရှိခြင်းဟာ
တခါတလေ ကိုယ့်အသိုင်းဝိုင်းတွေနားက မရှိတဲ့ နွေးထွေးမှုမျိုး.၊ ဖေးမကူညီ အားပေးမှုမျိုး.. အပြင်ဗဟုသုတပိုင်းဆိုင်ရာ
အစရှိသော အားပေးမှု အစစ်အမှန်တွေက သူတို့ဆီကရတာပါ..။

ငွေ ဆိုတာ အရေးပါပင်မဲ့ အသုံးပြုတတ်ဖို့လိုအပ်ပါတယ်..
တကယ့် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေကောင်းတွေကို ငွေနဲ့ မဖြတ်တောက်လိုက်ပါနဲ့ ပြန်ရှာရခက်ပါတယ်..။
ငွေဆိုတာ ပြန်ရှာလို့ရပါတယ် ခွန်အားစိုက်ရင် လိုသလောက် ရှာနိုင်စွမ်း လူမှာရှိပါသည်..။

ကျွန်တော်အတွက် အများကြီးမလိုအပ်သော ငွေထက် ၊ မိတ်ဆွေကောင်းများကို အများကြီးလိုအပ်သည်..။

အစဉ်လေးစားလျက် (လမင်း)
***********************************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...