လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Saturday, February 18, 2012

************************************************************
သဘာဝပေးတာတွေ
သဘာဝသည် လူတိုင်းကို မြင်နိုင်သည့်အရာတွင် ဘာမှ ပိုမပေးခဲ့..။
ကျား နှင့် မ ခွဲခြားရုံမျှဖြစ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း ညီမျှစွာပေးခဲ့သည်။
မျက်လုံး ၊ နား ၊ နှာခေါင်း ၊ ခြေ ၊ လက်စသည် တို့ကို တစ်စုံစီပေး၍
ပါးစပ်ကို တစ်ပေါက်တည်း ပေးခြင်းမှာ နည်းနည်းပြော၍ များများလုပ်စေရန်ဖြစ်သည်..။

မမြင်နိုင်သည့် ဦးခေါင်းအတွင်းပိုင်းကိုကား တူညီစွာမပေးခဲ့..။
ခွန်အားအရာတွင် တစ်ဦးနှင့် တစ်ဦး နှစ်ဆမကွာနိုင်သော်လည်း
ထိုးထွင်းသိမြင်မှု ၊ စွမ်းရည်အရာတွင် အဆပေါင်း ရာထောင်ချီ၍
ကွာသွားနိုင်ကြသည်..။

ကာယ၀န်ထမ်းဖြစ်မူ လက်ရုံးရည်ပိုမိုရှိရန် လိုအပ်မည် ဖြစ်သော်လည်း
Knowledge Worker ဖြစ်လျှင်မူ နှလုံးရည်ထက်မြက်ရန်လိုပါသည်.။
ဗျူဟာမှူးသည် သေနက်ကိုင်၍ ရှေ့က တိုက်စရာမလို စက်ပေါ်ထိုင်၍
အမိန့်ပေးတတ်ရန်သာ ဖြစ်သည်.။

လေးစားလျက် ။ လမင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...