***************************************************************
စူးတဲ့ဆူး / ဆူးမဲ့ဆူး
ငယ်ငယ်ကမဆင်မခြင်ကိုင်မိလို့ နှင်းဆီဆူး စူးဖူးတယ်..။
အရွယ်လေးမရှိတရှိ ဖြစ်လာတော့ နှင်းဆီဆူးထက် ပိုနက်တဲ့ဆူး
တွေက ကျွန်တော့ရင်မှာ အပြည့်..။
မဆင်ခြင်မိလို့ စူးဆဲ့ဆူးရော..။ ဆင်ခြင်သတိထားလျက်နဲ့ စူးတဲ့ဆူးရောပဲ..။
လူတိုင်း စူးဖူးတဲ့ ဆူးတွေပါ..။
ကျွန်တော့ အကြောင်းလေး နည်းနည်း ပြောမယ် .. ရင်ထဲမှာ အချစ်ကြောင့် စူးသွားတယ်..။
စူးတတ်တဲ့ဆူးပါ..။
လူပျိုပေါက်ခါစမှာ ကျွန်တော် ကောင်မလေးတစ်ယောက်ကို သဘောကျမိဖူးတယ်..။
ကျောင်းကို ထမင်းဘူးထည့်လာရင်း မျှဝေစားကြရာကပေါ့ ...
သစ်ရွက် ကြွေရင်တောင် မြေပေါ်မကျခင် လေအ၀ဲကို သံစဉ်တစ်ပုဒ်လို
စိတ်ကူးမိတဲ့ အရွယ်က ..၊ နွေရာသီကျောင်းမပိတ်ခင် ကုက္ကိုပင်ကြီးတွေပေါ်က
ဥသြသံကြားရင် မျက်ရည်ဝဲတတ်တဲ့အချိန် ..။
အချစ်ဆိုတာ သံယောဇဉ်က စတာလား ..၊ အချစ်ကြောင့် သံယောဇဉ်တွေ တွယ်ရစ်တလား..
ကျွန်တော် မခွဲခြားတတ်ခဲ့ပါ ..။ ရင်ခုန်တာတစ်ခုတော့ သတိထားမိရဲ့ ..။
ကမ္ဘာဦးထဲက ခုန်လာခဲ့တဲ့ ရန်ခုန်သံတွေထက် ပိုပြီး စည်းချက်တော့ မကျခဲ့ပါဘူး.။
ဖွင့်ပြောဖို့ အကြိမ်ကြိမ်စဉ်းစားတုန်းမှာပဲ.. အဲဒီ ကောင်မလေးက
အခြားတစ်ယောက်နဲ့ လိုက်ပြေးသွားတယ်..။
ကျွန်တော့်ရဲ့ အချစ်ရေးအစွမ်းအစတစ်ခုပေါ့ ..။ ရင်ထဲ စူးသွားတယ် ..။ စူးတတ်တဲ့ဆူးပါ..။
******************************************************************
No comments:
Post a Comment