လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, February 20, 2012

သရုပ်ဆောင်မင်းအုပ်စိုးအား မူးယစ်ရမ်းကားသောကြောင့် ဗဟန်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ထား


သရုပ်ဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ မင်းအုပ်စိုးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်တွင် မူးယစ်ရမ်းကားသောကြောင့် ဗဟန်းရဲစခန်းမှ သက်ဆိုင် ရာပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဗဟန်းမြို့နယ် ဗိုလ်ချို ၂ ရပ်ကွက် ဖိုးစိန်လမ်း ဟောလီးဒေးစားသောက်ဆိုင်ထောင့်၌ ပုံထားသော သစ်ကိုင်း ခြောက်များကို မီးရှို့သဖြင့် လာရောက် မီးငြှိမ်းသတ်သောမီးသတ်များကို အော်ဟစ်ဆဲဆိုခြင်း၊ တုတ်ဖြင့် ရမ်းခြင်းအပါအ၀င် လမ်းသွားလမ်းလာများကို လိုက်လံထိုးနှက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ထိုသို့ပြုမူခဲ့မှုများကြောင့် လုံခြုံရေးလာ ရောက်ဆောင်ရွက်သော တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ၇ခ/၁၇၂၄ ဟိုင်းလပ် အပြာရောင်ကား ညာဘက်မှန်ကို ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဗဟန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်ထွန်းက တရားလိုပြုတိုင်ကြားချက်အရ ဗဟန်းမြို့နယ်ရဲစခန်းတွင် ပ/၇၆ ပြစ်မှုဆိုင်ရာပုဒ်မ ၆၁ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကြောင့် ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်တွင် ၁၅ မိနစ်ခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မင်းအုပ်စိုးသည် ရန်ကုန်မြို့ ရဲစခန်းအသီးသီး၌ ရန်ဖြစ်မှု၊ ဗီဒီယို အက်ဥပဒေအမှု၊ ဆဲဆိုမှု စသည့် အမှုပေါင်း ၂၀ ကို အမှုရင်ဆိုင်ဆဲ ဖြစ်ကြောင်းလည်း သိရသည်။ ''မူးနေတာလို့ ပြောကြတယ်။ ဒါဆိုရင်တော့ ဘယ်အကြောင်းကြောင့် မူးတာလဲဆိုတာကို သေချာစုံစမ်းသင့်တယ်။ ဒီလိုမျိုးတော့ မဖြစ်သင့်ပါဘူး''ဟု အဆိုပါဖြစ်စဉ် အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...