လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, February 20, 2012

အဖြစ်လုပ်ခြင်း အလုပ်ဖြစ်ခြင်း

အဖြစ်လုပ်ခြင်း အလုပ်ဖြစ်ခြင်း



လောကတွင် အဖြစ်လုပ် ကြသူများနှင့် အလုပ်ဖြစ် ကြသူများကို
နေရာတိုင်းမှာ တွေ့နိုင်မည် ဖြစ်သည်...။ အလုပ်လုပ်ကြသည် ချင်းတူသော်လည်း
အနှစ်သာရအားဖြင့် ကွဲပြားခြားနားသည်..။ တစ်ချို့ မိမိ ကိုယ်ကို  အဖြစ်လုပ် သူလား
အလုပ်ဖြစ် ကြသူလားကိုပင် ကိုယ်တိုင်မသိရှိကြချေ..။ 


အလုပ်ဖြစ်ကြသူများမှာ
-- အသိနှင့်အတတ်ပေါ်ကို ခြေခံ၍ ဆောင်ရွက်လေ့၇ှိရာ ပကတိအခြေအနေမှန်ကို
သိရှိနိင်ကြသော်လည်း .. ၊ 

အဖြစ်လုပ် ကြသူများမှာ -- အခွင့်အရေးတစ်ရပ်ပေါ်
အခြေတည်ခြင်းမဟုတ်၍ အမှန်ပကတိကို သုံးသပ်နိုင်စွမ်းရှိကြမည်မဟုတ်၊ ၄င်းလူနှစ်မျိုးလုံးကိုမူ
ပတ်ဝန်းကျင်က ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိကြသည်၊။
*********************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...