လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, May 13, 2012

မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်

(ဓာတ်ပုံ-RFA- ဧပြီလ ၁ ရက်နေ့က နေပြည်တော် လွှတ်တော်ခန်းမတွင်
NLD လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်။)
မန္တလေးတိုင်း အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေ အတွက် NLD ပါတီက အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်သွားဖို့ ရှိကြောင်း သိရပါတယ်။

လောလောဆယ် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ရပ်ကွက် (၃) ခုအတွက် ဒီရက်ပိုင်းအတွင်း အခမဲ့ဆေးခန်း တစ်ခု စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်-ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
"မဟာအောင်မြေ မဲဆန္ဒနယ်မှာ ရပ်ကွက်ကြီး ၁၈ ရပ်ကွက်လောက် ရှိပါတယ်။ အဲဒီမှာ ရပ်ကွက် ၃-၄ ရပ်ကွက်က ချို့ချို့ငဲ့ငဲ့ ရှိတဲ့သူတွေအတွက် ဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် အခမဲ့ ဆေးခန်းတစ်ခုဖွင့်ဖို့ သူတို့နဲ့ နက်ဖြန်ခါ ညှိမှာ ဖြစ်ပါတယ်။ နေရာလည်း ကြိုတင်ကြည့်ထားပြီးပါပြီ။"

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း ရပ်ကွက် NLD ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား အပြီး ဦးအုန်းကြိုင် က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးအုန်းကြိုင၊် ဒေါက်တာ ဇော်မြင့်မောင်တို့ဟာ NLD ပါတီ ရုံးခန်းဖွင့်ပွဲတွေကို ဒီရက်ပိုင်းအတွင်း လုပ်ဆောင်နေပြီး၊ မကြာခင်မှာ ရပ်/ကျေးအဆင့်ကနေ ဗဟိုအထိ NLD ပါတီ ညီလာခံတွေ စတင်ကျင်းပမယ့် ကိစ္စနဲ့ ပါတီခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ဖို့ အကြောင်းတွေကို လိုက်လံ ရှင်းပြနေကြောင်း သိရပါတယ်။
RFA-Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...