လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, September 14, 2012

♥/-/- နင့်ကို လွမ်းပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်က .... ငါ -/-/-/-100%

တစ်ထောင့်တစ်နေရာကနေ
နင့်ကို လွမ်းပါတယ်ဆိုတဲ့
အကြောင်းလေး ဆက်ကာရေးလိုက်အုံးမယ်
လွှမ်းပိုင်ရဲ့ သီချင်းစာသားလို့
ရှေးတုန်းက ဟော်ပြောခဲ့တယ်
နင်ဟာ ငါ့ရဲ့ လိုနေတဲ့... အသည်းတစ်ခြမ်းပေါ့... ။

မင်းကို စကားလုံးတွေနဲ့ ချုပ်နှောင်မထားပါဘူး
ငါရေးသားသမျှ သီချင်းစာသားတွေ
ခေါင်းစဉ်အောက်မှာတော့ နင့်ကို လွမ်းတဲ့ အကြောင်းတွေ
တတ်သလောက် သိသလောက် သီကုံးကာ ဖွဲ့နွဲ့ထားတယ်..

ငါလည်း အဆိုတော်မဟုတ်ဘူးလေ (၀ါသနာရှင်ပေါ့)
စင်ပေါ်ရောက်တဲ့ တစ်နေ့လက်တွေတော့ ဝှေ့ယမ်းချင်သေးတယ်..


( ဒါကတော့ ငါ့အိမ်မက်လေးတစ်ခုပေါ့ )
ဒီစကားလုံးတွေကြောင့်
နင်... ငါ့ကို ချစ်ခဲ့ပါတယ်ဆိုရင်
နင် .. နည်းနည်းလေးတော့ လွဲနေမယ်လို့ ..(ငါပြောချင်တယ်..)
တကယ်ဆို နင့်ကို ငါချစ်တဲ့ ချစ်စစ်တွေကို
နင်မြင်ဖို့က ..
ငါ့ရင်ဝက ရင်ခုန်သံကို
နင့်...နားလေးနဲ့ ကပ်ပြီးတော့
နားထောင် ကြည့်စေခြင်းတာ... (ပြီးတော့ နင်ဆုံးဖြတ်ပေါ့ )
မှတ်ချက် - ( အခုရေးသားမှုကို ခေတ္တ ခဏ ရပ်ဆိုင်းခွင့်တောင်းချင်တယ်.. ချစ်သူ..
ဘာဖြစ်လို့လည်းဆိုတော့ အခု ချွေးတောင်ပြန်နေပြီး.. ငါ..ရေးတဲ့နေရာက .. အိုက်စပ်စပ်ကြီးဖြစ်နေလို့.. )

14.9.2012 //--လေးစားလျက် (လမင်း) --//

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...