လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, October 16, 2013

◄ သိစေဖို့ ►


အမြဲတမ်းစိတ်ချမ်းသာချင်ရင် အခုစိတ်ချမ်းသာအောင်နေပါ
အခုဆိုတဲ့အချိန်ဟာ ဘယ်တော့မှ ပျောက်မသွားဘူး
သူ့နေရာမှာသူ အမြဲရှိနေတယ်.. ။ ဒါကြောင့် အခု စိတ်ချမ်းသာအောင်နေနိုင်မှ
အမြဲစိတ်ချမ်းသာမယ်..။

ကိုယ့်ဘ၀မှာ ဘာအခက်အခဲ ဘာပြဿနာမှမရှိရင် ကောင်းမှာပဲလို့
မျှော်လင့်နေရင် ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး ..။
အရေးကြီးတာက ပြဿနာမရှိဖို့ မဟုတ်ဘူး..။

ပြဿနာကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့..။


ငါဟာ လွတ်လပ်တဲ့သူလို့ ပြောချင်ရင် ငါ့စိတ်ချမ်းသာမှုဟာ
ငါ့လက်ထဲမှာ ရှိတယ်လို့ ပြောနိုင်မှ ရမယ်..။ စိတ်မချမ်းသာသေးဘူးဆိုရင်
မလွတ်လပ်သေးဘူး ..။

ကိုယ့်စိတ်ထဲမှာ စိတ်ချမ်းသာမှုကို ရှာတွေ့ဖို့ မလွယ်ဘူး .. ဆိုပေမယ့်..
တစ်ခြားနေရာမှာ ရှာတွေ့ဖို့ကတော့ မဖြစ်နိုင်ပါဘူး ..။


ကိုးကားဖတ်ရှုသမျှ ပြန်လည်မျှဝေလိုက်ပါတယ်.. လေးစားလျက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...