လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, February 21, 2012

ဆိုးမွေ - ကောင်းမွေ

**********************************
ဆိုးမွေ - ကောင်းမွေ



ဦးဆောင်သူ၏ ဆိုးမွေ - ကောင်းမွေကို နောက်လိုက်များ အမွေလက်ခံခြင်းအပေါ်
ငြင်းသူရှိမည်မဟုတ်.. ။ ရိုးစင်းသော နှစ်ပေါင်း အရာ၊ အထောင်မှ စကားချပ်
ဖြစ်သော်လည်း လိုက်နာသူရှိသလို အရေးမထားသူများလည်း ရေတွက်၍ မကုန်..။

အိမ်ထောင်စုတစ်စုအတွက် မိဘက သားသမီးကို ဥစ္စာပေးရုံဖြင့် တာဝန်ကျေသည်မဟုတ်..။
အတတ်နှင့်အသိကို ပေးနိုင်မှ အမွေကောင်းပေးသည်မည်သည်..။
သားသမီးတာဝန်မကျေသည်ထက် မိဘတာဝန် မကျေခြင်း၏  အရှက်တရားကပို၍
ကြီးမားမည်ဖြစ်သည်..။

လက်ဆင့်ကမ်း ဆိုးမွေ - ကောင်းမွေ လက်ခံခြင်းသည် လူတိုင်ရသင့်ရထိုက်သော အရာတစ်ခု
မလွဲပင်ဖြစ်သည်..။ ပေးတိုင်းယူ ကျွေးတိုင်းစာ မိမိ၏ ဥာဏ်အရာအဖြစ် မခွဲခြားသောကြောင့် ..
ဆိုးသမျှ .ကောင်းသမျှကို မသိချေ..။ ပေးကမ်းခဲ့သူသည် ဆိုးသည် ကောင်းသည် ဖြစ်စေကာမူ
ခွဲခြားနိုင်ယူစွမ်းသည် မိမိကိုယ်တိုင် သိမြင်နိုင်ယူရမည်..။
************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...