လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, February 21, 2012

လောက နှင့် သင်

************************************************
 လောက နှင့် သင်



တစ်လောကလုံး မင်းကို ပြုံးပြမယ်လို မထင်နဲ့
သူ့အပူနဲ့ သူ...
မင်းကတော့ ခေါင်းငုံ့ရင်းလည်းပြုံး အမုန်းတွေ ချည်နှောင်မထားနဲ့ အထုံးတွေဖြေ..။

တစ်လောကလုံး မင်းကို ချစ်လာဖို့ ဆိုတာ မဖြစ်နိုင် မေတ္တာသာ လှိုင်လှိုင်လေးပို့
သန်းခေါင်ညမှရော .. တောင်ထိပ်က အရုဏ်ဦးမှာရော..

အရူးလို့ဘဲ ပြောပြော လူထူးလို့ပဲပြောပြော မင်းသိထားရမှာက သူ့အပူနဲ့သူ..

သူ့အတွေးနဲ့ သူ့အတ္တနဲ့ သူ့မာနနဲ့ သူ့အပူနဲ့
သူကြီး ပြင်းရှင်သန်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့ မင်းနဲ့တော့ မတူနိုင်

လောက နဲ့ သင့် သင် နဲ့လောက ညှိဖို့က တော့မဖြစ်နိုင်
မေတ္တာသာလှိုင်လှိုင်လေးပို့..။
*************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...