လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, February 21, 2012

လမ်းဘေးက သစ်ပင်အိုပမာ..

*************************************
လမ်းဘေးက သစ်ပင်အိုပမာ..





ငါဟာ လမ်းဘေးက သစ်ပင်အိုလေ.. မင်းကတော့ ခရီးသွားပေါ့..
တစ်ခါတုန်းက မင်းငါ့အရိပ်မှာ လာနားတုန်းက ငါကြည်နူးလိုက်တာ..

ပူတစ်လှည့်.. နွေးတစ်လှည့် .. အေးတစ်လှည့်.. နေ့ရက်တွေကို ဖြတ်သန်းရင်း
သာယာမိခဲ့တယ်... ။

အချိန်တန်တော့ မင်းလမ်းမင်းလျှောက် သွားတယ်.. ဟုတ်ပါတယ်လေ..
ငါဟာ လမ်းဘေးက သစ်ပင်အိုပါ...

ကံကောင်းပါစေ တစ်ခါတလေလည်း .. တို့ကို သတိရနော်..။

ငါလေး လမ်းဘေးက သစ်ခြောက်ပင်ကြီးဖြစ်သည့်တိုင် မင်းအတွက်..
အိမ်မက်မက်ရင်း အတိတ်ကအရိပ်တွေနဲ့.. ရှင်သန်နေပါမယ်.. ။

ကံကောင်းပါစေ... ကံကောင်းပါစေ... ။
**************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...