လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, February 21, 2012

စင်ကာပူ အစိုးရကျောင်းလခများ တိုးမြှင့်

  စင်ကာပူ အစိုးရကျောင်းလခများ တိုးမြှင့်
 
ရန်ကုန်၊ဖေဖော်ဝါရီ-၁၁
 
စင်ကာပူနိုင်ငံရှိ အစိုးရကျောင်းများ၏ ကျောင်းလခများမြင့်တက်သွားခြင်းကြောင့် ၎င်းကျောင်းများတွင်သွားရောက်ပညာသင်ယူရန် ပြင်ဆင်နေကြသည့် မြန်မာကျောင်း သားများအတွက် အခက်အခဲကြုံ တွေ့နိုင်ကြောင်း စင်ကာပူပညာရေးကျွမ်းကျင်သူတစ်ဦးကသုံးသပ်သည်။

စင်ကာပူအစိုးရသည် လာမည့်စာသင်နှစ်မှစတင်၍တက္ကသိုလ်များ၏ ပညာသင်စရိတ်ကို ၄ ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းနှင့် ပိုလီကျောင်းများ၏ ပညာသင်စရိတ်ကို ၂၂ရာခိုင် နှုန်းမှ ၂၈ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ “ပိုလီကျောင်းလခတွေက တချို့ပုဂလိကကျောင်းတွေရဲ့ ဒီပလိုမာသင်တန်းကြေးထက်ကို ကျော်သွားပြီ။ အခု သင်တန်းကြေး စင်ကာပူဒေါ် လာ ၅၀၀၀၊ ၆၀၀၀ကနေ ၈၀၀၀လောက်ထိပေးရမယ့် ဘာသာရပ်တွေရှိတယ်။ ဒီတစ်ခါတက်တာကြမ်းတယ်။ နောက်ဆို ပိုက်ဆံချေးပြီး အလုပ်သွားလုပ်သလိုဖြစ်လာမယ်။ ကျောင်းသွားတက်ပြီး အလုပ်လုပ်မယ်ဆိုရင် မကိုက်လောက်တော့ဘူး”ဟု အဆိုပါပုဂ္ဂိုလ်ကဆိုသည်။


စင်ကာပူပိုလီကျောင်းများ၏ ကျောင်းလခများမြင့်တက်သွားခြင်းသည် မြန်မာကျောင်းသားများအတွက် အဓိကသက်ရောက်မှုရှိစေမည် ဖြစ်ပြီး အစိုးရထံမှ ပညာသင်ချေးငွေယူ၍ ကျောင်းတက်သူ များ အနေဖြင့် လည်း ပိုမိုရုန်းကန်ရမည့် အနေအထားရှိနေကြောင်း သိရသည်။

“ကျွန်တော်က ဒီနှစ်ပဲ ပိုလီကျောင်းပြီးတယ်။ နောက်နှစ် စတက်မယ့်သူတွေအတွက် အဆင်မပြေလောက်တော့ဘူး။ ကျောင်းလခကကျောင်းတက်နိုင်ဖို့ အဓိက အခက် အခဲဖြစ်နေပြီ” ဟု စင်ကာပူနိုင်ငံတွင်နေထိုင်အလုပ်လုပ်ကိုင်နေသောလူငယ်တစ်ဦးကပြောသည်။ကျောင်းလခများသည် နိုင်ငံတကာကျောင်းသားများအတွက် အဓိက တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ယခုအခါ တတိယအကြိမ် မြင့်တက်သွားခြင်း ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...