♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Sunday, April 28, 2013
(နောင်တ - ၁၀ ပါး )
ငယ်ခါကလျှင်၊
မသင်ပညာ၊
ဥစ္စာမစု၊
သူ့ကိုချစ်ဖျက်၊
သူ့သက်သတ်စား၊
သူ့မယား၌၊ ပြစ်မှားတုံဘိ၊
ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊
မွေးမြူမိဘ၊ မပြုရနှင့်၊
ဆုံးမ မနာ၊
ပညာရှိထံ၊ နည်းခံမမှတ်၊
အမြတ်မကျင့်၊
ဤဆယ်ဆင့်ကား၊
ကြီးရင့်ဇရာ၊ အိုသောခါလျှင်၊
ပူဆာနောင်တ၊ ရတတ်စွတည့်။
(မဃဒေ၀လင်္ကာသစ် ပိုဒ် ၃၂၁-တတိယပိုင်း၊ ပုတ္တောဝါဒခန်း)
ကြီးရင့်ဇရာ၊ အိုသောခါတွင်၊ ပူဆာနောင်တ၊ ရတတ်စွ-လို့ ဆိုတဲ့အတိုင်း အသက်အရွယ် ကြီးရင့်လို့ အိုမင်းပြီ ဆိုတဲ့အခါမှာ နောင်တ ရတတ်တဲ့တရား၊ ငါငယ်ငယ်တုန်းက မလုပ်ခဲ့မိတာ မှားလေစွလို့ ပူပန်ရတတ်တဲ့ တရား ၁၀-မျိုး ရှိပါတယ်။
၁။ ငယ်စဉ်ကာလ စာပေမသင်ခဲ့မိရင်လည်း ကြီးလာတော့ မသင်ခဲ့ရကောင်းလားလို့ နောင်တ ရတတ်ပါတယ်။
၂။ ရှာနိုင်ဖွေနိုင်တုန်း အရွယ်ကောင်းတုန်းက ဥစ္စာမရှာခဲ့မိရင် အိုကြီးအိုမ ဇရာဒုဗ္ဗလ ဖြစ်ပြီဆိုတော့မှ စားစရာမရှိ၊ ၀တ်စရာ မရှိနဲ့ နောင်တတဖန် ပူပန်ရတတ်ပါတယ်။
၃။ လူနှစ်ယောက် ချစ်နေ၊ ခင်နေ၊ အဆင်ပြေနေကြတာကို သူတို့အချစ်ပျက်အောင် ကိုယ်က လုပ်ခဲ့မိရင်လည်း နောင်တတဖန် ပူပန်ရတတ်ပါတယ်။
၎။ သူများအသက်ကို သတ်မိပြန်ရင်လည်း ပူပန်ရတတ်ပါတယ်။
၅။ သူ့သားမယား ပြစ်မှားမိတဲ့လူလည်း စိတ်ဆင်းရဲရတာပါပဲ။
၆။ လှူနိုင် တန်းနိုင်တုန်းမှာ မလှူမိ၊ မတန်းမိခဲ့ရင်လည်း နောင်မှာ နောင်တ ရတတ်တာပါပဲ။
၇။ ဒါကတော့ ဒီနေရာမှာ အရေးအကြီးဆုံးပါ။
မွေးမြူ မိဘ၊ မပြုရ-တဲ့။
သြော်-ငါ့အဖေ၊ ငါ့အမေ သက်ရှိထင်ရှားရှိတုန်းလေး ဘာမှမကျွေးလိုက်နိုင်ပါလား၊ မပြုစုလိုက်ရပါလားလို့ အမေအဖေ မရှိတော့ပြီဆိုတော့မှ နောင်တရတတ်ပါတယ်။
ဒီနောင်တကတော့ ကြီးရင့်ဇရာ၊ အိုသောခါ-အထိ မစောင့်ပါဘူး။ အမေ အဖေ မရှိတာနဲ့ တပြိုင်နက် တခါတည်း ရတဲ့နောင်တမျိုးပါ။
၈။ လူကြီးသူမတွေ ပြောဆိုဆုံးမတာ နားမထောင်မိခဲ့ရင်လည်း ဒုက္ခရောက်ပြီဆိုတာနဲ့ တပြိုင်နက် နောင်တရတာပါပဲ။
၉။ ကိုယ်သိချင်တာရှိရင် ပညာရှိတွေကို မေးရပါတယ်။ မေးရ၊ မြန်းရ၊ မှတ်သားရပါတယ်။ မမေးရင်၊ မမှတ်သားရင်၊ မနာခံရင် အကြောင်းအရာတွေကို မသိနိုင်ပါဘူး။ မသိနားမလည်တဲ့အတွက် မရှိတာထက် မသိတာခက်ပြီဆိုတော့မှ သြော်-ငါ မမေးမိလေခြင်း-လို့ နောင်တရတတ်တာပါ။
၁၀။ အမြတ်မကျင့်-တဲ့။
လူ့ဘ၀ရောက်လာတဲ့အခိုက် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကို စာရင်းချုပ်လိုက်တော့ ကောင်းတာရယ်၊ ဆိုးတာရယ်၊ ယုတ်တာရယ်၊ မြတ်တာရယ်လို့ နှစ်မျိုးပဲရှိကြပါတယ်။
ကောင်းတာ မြတ်တာ မလုပ်မိပါဘဲနှင့် ဆိုးတာ ယုတ်တာတွေကိုပဲ လုပ်နေမိရင်လည်း နောင်မှာ နောင်တ ရပြန်တာပါပဲ။
ဒါကြောင့် နောင်တတရား ဆယ်ပါးထဲမှာ ပါတဲ့ မွေးမြူမိဘ၊ မပြုရ-ဆိုတဲ့အတိုင်း မိဘတွေကို ပြုစုလုပ်ကျွေး မွေးမြူမှု၊ မပြုလိုက်ရရင် နောင်တ မရကြရအောင်
မိဘကို မသေခင်မှာ ပြုစုလုပ်ကျွေးပါ- သေမှ ငိုမနေပါနဲ့တော့၊ နောင်တ မရကြပါနဲ့တော့လို့ မင်းကွန်းတိပိဋက ဆရာတော်ကြီး သြ၀ါဒအတိုင်း သတိပေးလိုက်ရပါတယ်
From Mingalar
Labels:
ရသ
Subscribe to:
Post Comments (Atom)
Comment ;
HTML Comment Box is loading comments...
No comments:
Post a Comment