ရာသီဥတုအေးမြလာတဲ့အချိန်မှာလူအများစုဟာ အိမ်ပြင်ပမှာထက် အိမ်ထဲမှာ ပိုနေဖြစ်ကြပါတယ်။ အဲဒီအခါ ဖုန်မှုန့်တွေ၊ မှိုတွေ၊ တိရစ္ဆာန်အညစ်အကြေးတွေနဲ့ ထိတွေ့ရတာတွေကြောင့် ဓာတ်မတည့်မှု ဖြစ်နှုန်းပိုများလာပါတယ်။ဓာတ်မတည့်မှုကြောင့် မျက်ရည်ကျတာ၊နှာရည်ယိုတာ၊ ရင်ကျပ်တာ၊ အသက်ရှူကျပ်တာ စတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် အဲဒီလက္ခဏာတွေ မခံစားရစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ရပါတယ်။
စိုထိုင်းမှုထိန်းစက်ကို ကော်ဇော၊ကြမ်းခင်းပရိဘောဂစတာတွေနဲ့ ဝေးဝေးမှာ ထားပါ။ မှိုပိုး ပေါက်ဖွားကြီးထွားမှု ကို ကာကွယ်ပေးရာရောက်ပါတယ်။
ရေချိုးခန်း၊ အိမ်သာနဲ့ စိုထိုင်းတဲ့ မျက်နှာပြင်တွေပေါ်မှာ မှိုတားဖျန်းဆေး စပရေးကို သုံးပေးပါ။
အိပ်ခန်းထဲမှာ သစ်ပင်မထားပါနဲ့။ သစ်ပင်ကနေ သစ်ရွက်တေကြွေကျတာဟာ မှိုပိုးပေါက်ဖွားမှုကို ဖြစ်စေနိုင်ပါတယ်။
အိမ်ကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။ လေထုသန့်စင်စေတဲ့ လေစစ်ကိရိယာ (Filter) တပ်ဆင်ထားရင်တော့ အကောင်းဆုံးပါ။
အိမ်တွင်းမှာ သစ်သားမီးရှို့တာ၊ မီးခိုးထွက်စေတဲ့ မီးဖိုတွေထားရှိတာမျိုးကိုရှောင်ပါ။ မီးခိုးတွေနဲ့ ပြာတွေဟာ အသက်ရှူကျပ်စေပြီး ရင်ကျပ်ပန်းနာရောဂါကို ထစေနိုင်လို့ပါ။
အိမ်ထဲမှာ ဆေးလိပ်ကို ဘယ်တော့မှမသောက်ပါနဲ့။
No comments:
Post a Comment