လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, December 18, 2012

ကျွန်တော်နင့် သူငယ်ချင်းတစ်ယောက် ( ပျောက်ကွယ်နေတဲ့ နွေးထွေးမှုလက်တစ်စုံ)

ဟိုင်း .. ချစ်သော် သူငယ်ချင်းတို့ရေ...

ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင်လဲ.. ကျွန်တော့်သူငယ်ချင်းလိုပဲ ထပ်တူခံစားလိုက်ရပါတယ်...
ကျွန်တော့် သူငယ်ချင်းရဲ့ ၀မ်းနည်းတဲ့ မသိစိတ်ထဲမှာ.. နွေးထွေးတဲ့ လက်တစ်စုံပျောက်ကွယ်နေတယ်လို့ သူကိုယ်တိုင် ...ခံစားနေရတယ်..ထို့အတူ သူ့စကားတစ်ချို့တစ်ဝက်ကြောင့်လဲ.. .ကျွန်တော်လဲ ထပ်တူ ထပ်မျှ ခံစားမိလိုက်ပါတယ်....

သူနဲ ကျွန်တော် စုံမိတဲ့အခိုက်ပေါ့ .. သူပုံစံက မသိရင် .. အပြင်ပိုင်းမှာ ပျော်ရွှင်စွာနေထိုင်တယ်လို့.. ထင်ရပင်မဲ့...
သူ့ရဲ့.. ပျောက်ကွယ်နေတဲ့ နွေးထွေးမှု လက်တစ်စုံက ... သူ့မိသားစုကြားကပဲ...
သူ ၀မ်းနည်း အားငယ်တဲ့အခိုက်.. သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ကို ရင်ဖွင့်လေ့ ရှိတတ်တယ်..
ဒါပင်မဲ့ သူတော်ပါတယ်.. အခုဆို.. ဘွဲ့ယူဖို့အတွက်..တောင် ပြင်ဆင်ထားပီးပီလေ...

အခက်အခဲဆိုတာ လူတိုင်းရှိစမြဲပါပဲ... ဒါပင်မဲ့မတူညီတဲ့ အပြင်နဲ့ အတွင်း အခက်အခဲနှစ်ခုကြားက ..
အစိုးရွားဆုံးကတော့ စိတ်ဓာတ်ကိုပါ.. ပြောင်းလဲနိုင်စေတဲ့ .. မိသားစု အခက်အခဲပေါ့...

သူလိုချင်တဲ့ ... နွေးထွေးမှုတွေက .. ဘယ်လိုလဲဆိုတော့ ..
သူတို့ မိသားစုက ပြည့်စုံတယ်လို့မဆိုပါဘူး.. သာမန်ဘ၀ထဲက လောကဒဏ်ကို .... တွန်းလှန်နေတဲ့ မိသားစု ပမာပါ..
ဘယ်လို ကိစ္စနဲ့ပဲ သူကြုံတွေ့ခဲ့ပါစေ.. သူလိုချင်တဲ့ စိတ်ထဲမှာတော့ ...
အိမ်ပြန်ရောက်တာနဲ့ .. မိသားစုကပေးတဲ့ နွေးထွေးတဲ့ စကားသံတွေ... အဖေ အမေ တို့နှစ်ယောက်ကြား..
ချွဲနွဲ့ပူဆာတာတွေ သူလိုချင်၊ ပြောချင်နေတယ်.. ဒါပင်မဲ့ .. လက်ရှိမှာတော့ ... သူတောင်းတတဲ့.. ဘ၀မျိုးက ..
သူ့စိတ်ကူးထားသလိုမဟုတ်ပဲ... ဆန့်ကျင်ဘက် .. လေးဖြစ်နေတယ်..


သူ့ဟာ ကိစ္စတစ်ခု လုပ်ချင်တယ်.. သင်တန်းတစ်ခု တတ်ချင်တယ် ဆို...
မိသားစုကို တိုင်ပင်ချင်တယ်....
အမေနဲ့အဖေတို့ရဲ့ ကောင်းရာတွေ.... ဆိုးရာတွေပြောမဲ့စကားသံကို သူနားထောင်ချင်တယ်.. ဥပမာပေါ့ဗျာ...

အဖေနဲ့အမေရဲ့ အားပေးစကားသံတွေ (လုပ်ကြည့်ပါ... ၊ တတ်ကြည့်ပါ ၊ ဒါလေးကတော့ စဉ်းစားထားတာကောင်းတယ်.. ၊ ဒါလေးကတော့ .. အခက်အခဲ ရှိနိုင်တယ် .. စသည်ဖြစ်) အဲ့သလို စကားသံတွေကို သူကြားယောင် မျှော်လင့်နေမိတယ်..

တစ်နေ့.. မထင်မှတ်ဘဲ .. အဖေဆိုတဲ့ လူတစ်ယောက်ရဲ့.. စကားသံဟာ..
နားထဲ သားသမီးတစ်ယောက်အတွက်..
ဘယ်လောက်တောင် ခါးသွက်သွားစေခဲ့လဲဆိုတာ ..
 ကျွန်တော့်သူငယ်ချင်း ရင်ဖွင့်ပြောပြခဲ့လို့ ထပ်တူခံစားမိလိုက်တယ်.. ၀မ်းနည်းမိပါတယ်.. သူ့အသံတွေ.. .သူ့အနေအထားတွေ.. .ကျွန်တော်တို့ကို ..ပြောပြရင်.. မျက်လုံးထဲက မျက်ရည်မကျအောင်..
ဝမ်းနည်း နေတာကို ...ကျွန်တော် နားထောင်လိုက်ရတဲ့ သူဖို့တောင်... ကြေကွဲလိုက်ရတယ်..

သူ့ကို ..အဖေတစ်ယောက်က ပြောတယ်..
သူ့ကို မိသားစုထဲမှာ လူရာမသွင်ဘူးပေါ့...
ဘာလို့ မသွင်းတာလဲ မေးတော့ ..
လူရာ သွင်းရမဲ့ အဆင့်မရှိဘူးတဲ့..
သူကပြန်ပြောလိုက်တယ်..
အမေနဲ့ အဖေ သမီး ကြိုးစားမှာပါ.... သမီးက ဘယ်လိုလူမျိုးလဲဆိုတာကို ပြမယ်လို့ပြောပြလိုက်တယ်.. 
အဖေနဲ့ အမေကိုပေါ့......

ဒီလို အချိန်မှာပဲ .. သူ့အဖေရဲ့ ပါးစပ်ကနေ .. ဘာလဲ...
တစ်ထောင်းစားအဆင့်နဲ့ .. သူဌေးကို လာပြီး ကျိန်းတောရော ဘာဖြစ်လာမှာလဲတဲ့..
သားသမီးတစ်ယောက်အနေနဲ့ .. လုပ်ချင်တာလေးတွေ တိုင်ပင်ရအကောင်းဆုံးဆိုတာ..
ကိုယ့်မိသားစုလောက်ပဲ ပိုပြီး အားထားဖို့ ကောင်းတာပါ.. (စဉ်းစားကြည့်ပါ)
သူ့လဲ ကျွန်တော့်ကို ပြောပြတော့ သူငယ်ချင်း ...
ငါ ဘယ်လို ခံစားရသလဲ ဆိုတာ နင်ပဲ စဉ်းစားကြည့်ပါတဲ့...
ကျွန်တော်တောင် သူပြောပြလို့ သူ့အဖေကို မုန်းသွားတယ်.. ဒါက နင့်အဖေအရင်းရော် ဟုတ်လားလို့ မေးခဲ့လိုက်မိတယ်..
သူကပြောပါတယ်.. . (ဟုတ်ပါတယ် ဟ.. ဟုတ်ပါတယ်) .. အေးပါ.. သူငယ်ချင်းရ..

ဘာပဲဖြစ်ဖြစ်.... အဲ့နေရာမှ သူငယ်ချင်းတို့ဆိုရင်ရော်.. ဘယ်လိုခံစားမိမလဲ... ကျွန်တော်ကိုယ်တိုင်ရော ဘယ်လောက် စဉ်းစားကြည့်ရမလဲ... ဘာတွေ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့.. ကျွန်တော့် ရင်ထဲမှာတော့ ကျွန်တော့် သူငယ်ချင်းရဲ့... ကွယ်ပျောက်နေနဲ့..နွေးထွေးမှု့ လက်တစ်စုံဆိုတာတော့ ကျွန်တော်သိလိုက်ရတယ်....

ဒီလိုနဲ့ ပဲ.. သူငယ်ချင်းကို အားပေးရင်... ဖေးမရင်းနဲ့ .. သူနဲ့အတူ လမ်းခွဲပြီး ပြန်သွားကြတယ်..
မပြန်ခင် သူပြောသွားတယ်.. သူငယ်ချင်း.... ငါ.. အလုပ်ဖြစ်အောင် လုပ်ပြီး.... ကြိုးစားပြမယ်.. ဆိုတဲ့ ... ဒီစကားသံနဲ့အတူ..သူ့ရဲ့ မာနတွေကို ကျွန်တော် လေးစားလိုက်ပါတယ်... ( The End )


ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်.. လောကကြီးမှာ... တစ်စိမ်းတွေ ထောင်ပေါင်းသန်းနဲ့ များပြားတဲ့ လူ့ဘ၀အလယ်မှာ..
အရေးကြီးဆုံး မိသားစုရဲ့ နွေးထွေးတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ကြပါစေသားလို့.. သူငယ်ချင်းအားလုံးအတွက် .. ဆုတောင်းပေးလိုက်ပါတယ်..
မူပိုင် (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...