
ဒီလ
အင်တာဗျူးလေးမှာ စာဖတ်သူများကို မိတ်ဆက် ပေးချင်တဲ့ သူတစ်ယောက် ရှိပါတယ်။
သူကတော့ လက်ရှိ တရုတ်နိုင်ငံမှာ နေထိုင်ပြီး အလုပ်တစ်ဖက်နဲ့ အချိန်ရတဲ့
အခါလေးတွေမှာ သီချင်း ကောင်းလေးတွေကို သီချင်းချစ်သူ လူငယ် လူကြီးတွေ အတွက်
နားထောင်ဖို့ အဆင်ပြေစေရန် အတွက် Flash Songs လေးအဖြစ် ဖန်တီးလုပ်ပေးပြီး
အင်တာနက်ပေါ်ကို နေ့စဉ် တင်ဆက် မျှဝေပေးနေတဲ့ Flash Songs ဝါသနာရှင် ညီငယ်
အလင်း ပဲဖြစ်ပါတယ်။
Flash
Songs သီချင်းဖန်တီးများ အပြင် ဝါသနာအရ Website တွေမှာ Admin အဖြစ်
တာဝန်ယူပေးပြီး ကိုပိုင် Website နဲ့ Blog ကို ဝါသနာအရ ရေးသားနေ
လုပ်ဆောင်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်ခါခါ ရင်ထဲက ခံစားမှု
ခံစားချက် တစ်ချို့ကိုလည်း ကဗျာ စာသားအဖြစ် ပြောင်းလဲ ရေးသားပြီး ..... သူ
.... တာဝန်ယူထားတဲ့ Website တွေမှာ ဗဟုသုတ စာပေများနဲ့ အင်တာဗျူး စတဲ့
အရာတွေကို ဝါသနာအရ တင်ဆက်ပေးနေတဲ့ လူငယ်လေး တစ်ယောက်လည်း ဖြစ်ပါတယ်။
သူဖြစ်သန်းရတဲ့ အတွေ့အကြုံလေးတွေကို ပြည့်ပြည့်စုံစုံ သိရှိနိုင်ဖို့
ညီငယ် အလင်း နဲ့တွေ့ဆုံပြီး စာဖတ်သူများကို
အင်တာဗျူးအဖြစ် ဖန်တီး စီစဉ် တင်ဆက် မျှဝေပေး လိုက်ပါတယ်။

မင်္ဂလာပါ ညီလေး .... ညီလေးရဲ့ နာမည်လေးနဲ့ လက်ရှိနေထိုင်တဲ့မြို့လေးကို ပထမဆုံး မိတ်ဆက်ပေးပါဦး ....
ဟုတ်ကဲ့ .... အစ်ကို မင်္ဂလာပါ။ ညီလေး နာမည်က အလင်းလို့ ခေါ်ပါတယ်။ လက်ရှိနေထိုင်တဲ့ မြို့ကတော့ China / Yunnan / Kunming ဖြစ်ပါတယ်။
အခု သီချင်းတွေအကြောင်း မမေးခင်မှာ ညီလေးကို ပထမဆုံး မေးချင်တာက အင်တာနက်ကို ဘယ်အချိန်က စတင်အသုံးပြုလဲ ဆိုတာလေး ဖြေပေးပါဦး ...
ဟုတ်ကဲ့
... အစ်ကို။ အင်တာနက် စမသုံးခင် 2009 လောက်မှာ အင်တာနက် ဂိမ်းလေးတွေ
ဆော့ဖြစ်ပါတယ်။ အဲ့ကမှ တဆင့် တချို့ အင်တာနက်ဆိုင်မှာ Gtalk အသုံးပြု
သူတွေရဲ့ ဘေးနား ထိုင်ကြည့်ရင်း Gtalk အကောင့် တစ်ခု ရခဲ့ပါတယ်။ အရင်ဆုံး
ချက်တင်စ သုံးဖြစ်ခဲ့တယ်ပေါ့။ အဲ့ကမှ တဆင့် Website လေးတွေ
ဝင်ကြည့်ဖြစ်တယ်။ ကဗျာလေးတွေ ဖတ်ဖြစ်တယ် စာတိုစာစ လေးတွေ ရှာဖတ်ဖြစ်တယ်။
ညီလေး ကိုယ်တိုင်က သီချင်း ဖန်တီးနေသူ ဆိုတော့ အနုပညာ ဖက်ရော ညီလေး ဝါသနာပါလား ? ဥပမာ သရုပ်ဆောင်တာ သီချင်း ဆိုတာတွေပေါ့ ....
ဟုတ်ကဲ့
.... ညီလေး ဝါသနာ ပါတာက သီချင်းရေး တာရယ် ကဗျာရေး တာရယ် ပေါ့။
သီချင်းကတော့ မဆိုဖြစ်လောက်ဘူး ထင်တာပဲ။ သရုပ်ဆောင် လုပ်တာကတော့ မစဉ်စား
မိပါဘူး အကိုရာ ... (ရယ်လျှက်) ။
သီချင်းတွေကို ဖန်တီးနေတဲ့ လူငယ် တစ်ယောက် အနေနဲ့ ညီလေးကို သီချင်းချစ်သူလို့ ပြောရင် ညီလေး ဘယ်လိုဖြေမလဲ ?
ညီလေးက
သီချင်းတွေကို ချစ်တယ်လေ။ အဲ့လိုလေး ခေါ်ရင် ညီလေး သဘော ကျမိမှာပါ။
သီချင်းတွေက လူတစ်ယောက် အတွက် စိတ်ထွက်ပေါက်ကို ပေးနိုင်တယ်။ ညီလေးက
သီချင်းလေးတွေ နားထောင်နေရရင် သီချင်းတွေထဲ စီးမျော သွားတက်တယ်။ အဲ့လို
ခေါ်ရင် ကျေးဇူးတင်မိမှာပါ။
ဘယ်လိုသီချင်းတွေကို နှစ်သက်ပြီး ဘယ်လိုသီချင်းတွေ ညီလေး နားထောင်ဖြစ်လဲ ဆိုတာ ဖြေပေးပါဦး ...
သီချင်းတွေ
ထဲမှာတော့ အမေ သီချင်းလေးတွေ ဘဝ အကြောင်းရေးစပ်ထားတဲ့ သီချင်းလေးတွေ ကို
နှစ်သက်ပြီး အချစ် သီချင်လေးတွေ အလွမ်း သီချင်းလေးတွေ နားထောင်ဖြစ်ပါတယ် ..
။ စိတ်ညစ်စရာ တွေနဲ့ စိတ် အရမ်းကျင်းကြပ်နေပြီ ဆိုရင်တော့ ပေါက်ကွဲ
သံစဉ်လေးတွေ နားဆင်ဖြစ် ပါတယ် .. ။
ညီလေးအနေနဲ့ ဖလက်စောင်းတွေကို ဘယ်အချိန်က စတင် လေ့လာဖြစ်လဲ ဆိုတာလေး သိပါရစေ။
2011-2
လပိုင်း လောက်က စတင် လေ့လာ ဖြစ်ခဲ့တာပါ .. ။ လေပြေသွေး ဆိုတဲ့ အစ်ကို
တစ်ယောက်နဲ့ ခင်ပြီး သူ့ကို Flash Songs လေးတွေ ညီလေး အပုံနဲ့
လုပ်ပေးပါလို့ တောင်းဆိုဖူး ပါတယ်။ ကိုလေပြေ က လည်း လုပ်ပေးခဲ့ပါတယ်။
အဲ့ကစပြီး ကိုလေပြေ လုပ်ပေးခဲ့တာလေးကို သဘောကျပြီး ကိုယ်တိုင် လုပ်ချင်တဲ့
စိတ်တွေ ပြင်းပြခဲ့ပါတယ်။ အဲ့လိုနဲ့ အဲဒီ အချိန်ကစပြီး ညီလေး Flash Songs
ပညာကို ကိုလေပြေသွေး ၊ ကိုထွန်း ၊ ကိုမျိုးဦး တို့ဆီကနေ သင်ယူခဲ့ပြီး
နောက် ဝါရင့် ဆရာသမားတွေ ဆီကနေ လေ့လာ ခဲ့ပါတယ်။
သီချင်းတွေကို ဖလက်စောင်းလေး အဖြစ် ညီလေးက ဖန်တီးတယ်ဆိုတော့ ဘယ်လို ဝါသနာပါပြီး လုပ်ဖြစ်သွားတာလဲ ?
ညီလေး
ဝါသနာ ပါတဲ့ အထဲမှာ ဒီဇိုင်းဆွဲတာလည်း ပါတယ်လေ။ ညီလေးက ဒီဇိုင်းလေးတွေ
ဖန်တီးရတာလည်း ဝါသနာပါတယ်။ Flash Songs လုပ်မယ်ဆိုရင် နောက်ခံက ဒီဇိုင်း
လှလှလေးတွေ ထည့်ရတယ်လေ။ ညီလေးလုပ်တဲ့ တချို့သီချင်းတွေမှာက ညီလေးကိုယ်တိုင်
ဒီဇိုင်း လုပ်ထားတာတွေ ပါသလို ဆရာသမားတွေဆီက တောင်းထားတာ တွေလည်း ပါပါတယ်။
အဓိက ကတော့ ဒီဇိုင်းလေးတွေ ဖန်တီးချင်လို့နဲ့ သီချင်းလေးတွေကို
နှစ်သက်လို့ လုပ်ဖြစ်သွားတာပါ။
Flash
Songs လေးတွေကို လေ့လာပြီး စတင်လုပ်ဖြစ်တယ် ဆိုတော့ ဘယ်လို အဆင်မပြေ
တာလေးတွေကို ကြုံတွေ့ ဖြတ်သန်းရလဲ ဆိုတာ ဗဟုသုတလေး အဖြစ် မျှဝေပေးပါဦး
....
အဆင်မပြေတာ
တွေကတော့ များပါတယ်။ အရင်ဆုံး အခက်အခဲဖြစ်တာ Flash Songs လုပ်တဲ့ဆော့ဝဲလ်
ပြသာနာပါ။ အဲဒီ့ဆော့ဝဲလ်ကို ဘယ်မှာ ဒေါင်းလို့ ဒေါင်းရမှန်း မသိဘူး။
ကိုလေပြေသွေး ကျေးဇူးနဲ့ MM-Flash Songs ဆိုဒ်လေးမှာ ရှာတွေ့ခဲ့ပါတယ်။
အဲ့ကနေတဆင့် ဆော့ဝဲလ် ရတော့ ကိုမိုးသောက်ပန်းရဲ့ Flash Songs လုပ်နည်း
စာအုပ်လေးကို လေ့လာ ခဲ့ပါသေးတယ်။
စစ လုပ်တဲ့ နေရာမှာ သီချင်းစာသား အဝင်အထွက် အရမ်းခက်ခဲ ခဲ့ပါတယ်။ အပုံတွေ ထည့်ရင်လည်း မညီမညာ စာသားတွေကလည်း သီချင်းနဲ့ လွဲနေတယ်။ သီချင်း ၃ လေး ပုဒ်လောက် အဲ့လို အခက်အခဲလေး တွေနဲ့ ကြုံခဲ့ရပါတယ် .. ။
တဖြေးဖြေး ကြိုးစားရင်းက နောက်ပိုင်း အဆင်ပြေ လာတယ်။ Flash Songs လုပ်တဲ့ နေရာမှာ စိတ်ရှည်ဖို့ ကလည်း အဓိက ကျပါတယ်။ Flash Songs ပညာရှင် အမျိုးမျိုးနဲ့ ကိုယ် မသိတာလေးတွေ မေးမြန်းခဲ့လို့ ဒီလောက်ထိ ဖန်တီးလာနိုင်တာပါ .. ။ အခုဆိုရင်တော့ Flash Songs လုပ်ရတာ သြော် .... တော်တော် လွယ်ပါလားလို့ တောင် ပြောရတော့ မလားပဲဗျာ .. ။ :)

Flash
Songs တွေကို ကိုယ်ပိုင်ဖန်တီးတဲ့ အခါမှာ ညီလေးရဲ့ ကိုယ်ပိုင်
ဒီဇိုင်းတွေနဲ့ လုပ်ဆောင်ဖြစ်တယ်ဆိုတော့ ဘယ်လို စိတ်ကူးလေးနဲ့
လုပ်ဖြစ်လဲဆိုတာ သိပါရစေ ....
Flash
Songs သီချင်းထဲ ဒီဇိုင်လေးတွေ အသုံးပြုတဲ့အခါ ညီလေး စိတ်ကူးထဲ တခါတလေကျ
ဒါရိုက် ပေါ်လာတက်တယ် တခါတလေကျတော့ အရမ်းစဉ်စားရတယ်။ ဒီဇိုင်းတစ်ခုနဲ့ တစ်ခု
မထပ်အောင်လည်း ဂရုစိုက်ရတယ်။ ဥပမာ ဒီဇိုင်းတွေကို အင်တာနက်မှာရှိတဲ့
ပုံတွေနဲ့ အလွယ်တကူ အသုံးပြုပြီး ဖန်တီးလို့ ရပေမဲ့ တစ်ခုနဲံ့
တစ်ခုမတူအောင် ကိုပိုင်ရေးဆွဲပြီး သီချင်း ထဲထည့်ပေးပါတယ်။ ဒါကတော့
နားထောင်ရတဲ့ သူတွေကို အဆင်ပြေအောင် ဖန်တီးပေးတဲ့ သဘောပါ .. ။
သီချင်းတွေ အများဆုံးကတော့ သီချင်းစာသားနဲ့ လိုက်ဖက်စေမဲ့ အပုံလေးတွေ ဒီဇိုင်းလေးတွေကို ညီလေး စိတ်ကူးလေးနဲ့ လုပ်ဖြစ်ပါတယ် .. ။
အခုလက်ရှိ ညီလေး ဖန်တီးထားတဲ့ Flash Songs သီချင်းအားလုံး ဘယ်လောက်ရှိနေပြီလဲ ?
ဆိုဒ်ပေါ်
တင်ထားဖြစ်တာတော့ အပုဒ် ၄၀ ကျော်လောက်မယ် ။ သီချင်း တောင်းဆိုသူတွေ အတွက်
လုပ်ပေးပြီး ဆိုဒ်ပေါ် မတင်ဖြစ်တာက အပုဒ် ၂၀ လောက် ရှိမယ်။ ကိုယ်တိုင်
နှစ်သက်လို့ လုပ်ထားဖြစ်တဲ့ သီချင်းလေးတွေက ၁၀ ပုဒ်လောက် ရှိမယ်
မတင်ဖြစ်သေးပါဘူး .. ။ လုပ်လက်စနဲ့ ပစ်ထားရတာတွေလည်း ရှိပါတယ်။
အားလုံးပေါင်း ၇၈ ပုဒ်လောက် ရှိမယ် ထင်တယ် အစ်ကို .. ။
အင်တာနက်
ပေါ်မှာ ညီလေး ဖန်တီးထားတဲ့ Flash Songs သီချင်းတွေကို တော်တော် များများ
တွေ့ရပါတယ်။ ဆိုတော့ Flash Songs နဲ့ ပက်သက်ပြီး နာမည် ရလာတဲ့ လူငယ်တွေ
အထဲက တစ်ယောက်လို့ ပြောလာရင် ညီလေး ဘယ်လိုဖြေမလဲ ?
ဒီလိုပြောလာရင်တော့
ညီလေး ဝမ်းသာပါတယ် .. ။ ညီလေးက Flash Songs လုပ်တယ်ဆိုတာ နာမည်ရဖို့
တစ်ခုထဲအတွက် တော့ မဟုတ်ပါဘူး။ ညီလေးတို့လို Flash Songs ဝါသာနာရှင်တွေရဲ့
ဖန်တီးထားတဲ့ သီချင်းလေးတွေကို နားဆင်ရင်း နားဆင်ရ သူတို့ရဲ့ ဘဝအမော လေးတွေ
ဖြေဖျောက်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။
တချို့တွေကလည်း သီချင်းလေးတွေ အလွယ်တကူ နားထောင်ရလို့ Flash Songs ဆိုတာကို ကျေးဇူးတင် နေကြမှာပါ။ အောင်မြင်မှုထက် တဖက်သားကို စေတနာ နဲ့ ကူညီဖြည့်ဆည်း ရတာမျိုးကို ကျေနပ်ပါတယ်။
MP3 နဲ့ Flash Songs နားထောင်ရတာ ဘယ်လို အဆင်ပြေတယ် ဘယ်လိုကွာဟမှု ရှိလဲဆိုတာ ညီလေး ပြောပြပေးပါဦး ...
MP3
နဲ့ Flash Songs ကတော့ တော်တော် ကွာဟမှူ့ရှိပါတယ်။ MP3 ဆိုရင် အသံကြီးပဲ
နားထောင်ရတယ် မျက်စီမှိတ်ပြီး နားထောင်တက်သူတွေ အတွက်ကတော့ အဆင်ပြေပါတယ်။
Flah Songs က ကျတော့ သီချင်းစာသားတွေ လိုက်ဆိုလို့ ရတယ်။ စိတ်ခံစားမှူ့ကို
လွတ်လပ်စေတယ်။ သီချင်း ထဲမှာလည်း မျောသွားတက်တယ်။ ထပ်ခါထပ်ခါ နားထောင်ချင်
စိတ်တွေ များပြားလာတယ်။
Gtalk မှာပဲ ဖြစ်ဖြစ် facebook မှာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မျှဝေလို့လည်း ရတယ်။ နောက်ခံ ဒီဇိုင်းလေးတွေ ကြည့်ရင်း နားထောင် ရတာမျိုးက သီချင်းရဲ့ အနှစ်သာရကို ပေါ်လွင်စေပါတယ်။ Flash Songs သီချင်းလေးတွေကို ဖန်တီးထားတဲ့ ကြည့်ပြီး ပျော်ရွင်စေတယ်။
ကိုယ့်ချစ်သူ မွေးနေ့ လက်ဆောင်တို့ ချစ်သူများနေ့ တို့မှာလည်း အမှတ်တရ လက်ဆောင်ပေးနိုင်ပြီး ကိုယ်ခင်မင်ရတဲ့ သူတွေကိုလည်း MP3 ကိုလက်ဆောင် ပေးတာထက် လှလှလေး ဖန်တီးထားတဲ့ Flash Songs လက်ဆောင်လေးကို ပေးမယ်ဆိုရင် အကြိုက်တွေ့စေမှာ ဖြစ်တယ်လို့ ညီလေး ထင်ပါတယ်။

Flash Songs တွေကိုဖန်တီးတဲ့ ညီလေး အနေနဲ့ ဝါသနာအရ လေ့လာနေတဲ့ လူငယ်တွေကို ဘာများပြောချင်လဲ ဆိုတာ ပြောပေးပါဦး ?
ဝါသနာရ
Flash Songs များကို စိတ်ဝင်စားလို့ လေ့လာချင်သူတွေ အတွက် ညီလေး
ပြောချင်တာက။ ဘယ်အရာ မဆို စိတ်ရှည်ရပါတယ်။ တဖြေးဖြေးချင်း စဉ်စားလော့လာ
ကြံစမယ်ဆို မဖြစ်ဘူးဆိုတာ မရှိပါဘူး .. ။ ကိုယ်မသိ မတက်တာကို မေးမြန်းပါ
စုံးစမ်းပါ စူးစမ်းလေ့လာပါ။ ကိုယ်က တကယ် လုပ်ချင်တယ်ဆို အဲ့အလုပ်က အလိုလို
ဖြစ်သွားမှာပါ။
မသိမရှိတာများ ကိုလည်း Flash Songs ပညာရှင်များထံ မေးမြန်းပါ .. ။ ညီလေးကိုလည်း လိုအပ်တာလေးတွေ မေးနိုင် အကူညီ တောင်းနိုင်ပါတယ်။ ညီလေး တက်နိုင် သလောက် ပြန်လည်ဖြေကြား ပေးသွားမှာပါ .. ။
လက်ရှိ
ညီလေးက သီချင်းဖန်တီးမှု အပြင် Website တွေမှာ အက်မင် တာဝန်ယူထားတယ်
ဆိုတော့ ဘယ်လို Website တွေမှာ ဝင်ရောက် ကူညီပေးဖြစ်လဲ? ကိုယ်ပိုင်
အင်တာနက် စာမျက်နှာတွေရော ဘယ်လိုဖန်တီး လုပ်ဆောင်ဖြစ်လဲ ဆိုတာ
ဖြေကြားပေးပါဦး ....
ညီလေး
အဓိက Admin အဖြစ် တာဝန်ယူရတဲ့ ဆိုဒ်ကတော့ MM-Flash Songs ဆိုဒ်ပါ .. ။
အဲ့တာ ကလည်း Doubletun (ကိုထွန်း) ရှိစဉ်ကပါ .. ။ အခုဆို အဲ့ဆိုဒ်လေးမှာ
ကိုထွန်းလည်း မရှိတော့ဘူး အက်ဒမင်းအသစ်တွေ လည်း ရောက်လာပြီး ဆိုတော့
ညီလေးလည်း အလုပ်တွေ မအားတဲ့ အချိန်နဲ့ တိုက်ဆိုင် သွားတော့
အနားယူလိုက်ပါပြီ။ MM-Flash Songs ဆိုဒ်လေးမှာ ရှိစဉ်က ညီလေးက ဘလော့တွေ
ရေးဖြစ်တယ်။
Website ... ဒီဇိုင်းလေးတွေ နည်းနည်းပါးပါး လုပ်ဖြစ်တယ်။ ညီလေး လုပ်ပြီးသား သီချင်းတွေကို သီချင်း စာမျက်နှာ 11 နဲ့ စာမျက်နှာ 12 မှာ တင်ဖြစ်ပါတယ်။ ကိုယ်ပိုင် ဖန်တီးထား သူတွေရဲ့ Flash Songs Links တွေကိုလည်း သေသေချာချာ လှလှပပလေး တင်ပေး ပါတယ်။ ကျန်တဲ့ ဆိုဒ်နှစ်ခုမှာ Admin လုပ်ခဲ့ပေမဲ့ ညီလေး ခရီးထွက်လိုက်ရလို့ အဲ့ဆိုဒ်နှစ်ခုစလုံးထဲ လုံးဝ မဝင်ဖြစ်တော့တာ အခုထိပါပဲ။
ကိုယ်ပိုင် ဆိုဒ်လေးတွေ အများကြီး လုပ်ဖြစ်ပါသေးတယ်။ ညီလေး သီချင်းလေးတွေ တင်ဖို့အတွက် Free Site တော်တော် များများ Google က ရှာဖွေ ခဲ့ပါသေးတယ်။ တော်တော် များများလဲ တွေ့ပါတယ်။ HTML လက်ခံတဲ့ ဆိုဒ်မှန်သမျှ ညီလေး လုပ်ဖြစ်ခဲ့ပါတယ် .. ။ ဒါပေမဲ့ သီချင်း လင့် တင်တဲ့ နေရာမှာ အစဉ်တကျ မဖြစ်ဘူး ပြောရမယ်ဆို Ning ဆိုဒ်တွေလောက် သီချင်းတင်လို့ အဆင်မပြေဘူး .. ။
ကျန်တာတွေ အကုန် အဆင်ပြေတယ်။ တစ်ခုပြီးတစ်ခု ရှာဖွေခဲ့ပါတယ် မြန်မာဖောင့် လက်မခံတဲ့ ဆိုဒ်တွေကော် HTML လက်မခံတဲ့ ဆိုဒ်တွေကော် Get Started / Sign Up လုပ်ခဲ့ပါတယ်။ အဆင်မပြေ တာတွေက များပါတယ်။ Multiply နဲ့ Blogspot တွေမှာ Flashsongs တင်လို့ အဆင်ပြေပေမယ့် China မှာက ဘမ်းထားတဲ့ အတွက် .. ဝင်လို့မရတော့ မလုပ်ဖြစ်ပါဘူး .. ။ အဲ့လိုပါပဲ အချိန်မပေးနိုင်လို့ ပစ်ထားရတာတွေ လည်း အများကြီးပါ တနေ့နေ့ တစ်ရက်ရက် တော့ အချိန်ပေးနိုင်ကောင်း အခွင့်ကြုံရင် ညီလေး သေသေချာချာ ဆိုဒ်တစ်ခု ထောင်ဖြစ်မှာပါ .. ။
ညီလေး
ကိုယ်တိုင် ဖန်တီးတားတဲ့ FlashSongs သီချင်းတွေကို မျှဝေဖြင့်
တင်ပေးဖြစ်တဲ့ အွန်လိုင်း စာမျက်နှာ လိပ်စာတွေကို ပြောပြပေးပါဦး။
မနေ့တနေ့ကပဲ ညီလေး face book မှာ စာမျက်နှာ တစ်ခု လုပ်လိုက်ပါတယ် .. ။ Flash Songs သီချင်းတွေ သီးသန့် တင်ဖို့ အတွက်ပါ။ https://www.facebook.com/FlashSongsLink Facebook MM Flash Songs
စာမျက်နှာ .. ။ Flash Songs များကို ကိုယ်ပိုင် ဖန်တီးထားတဲ့
ဝါသနာရှင်များ အနေနဲ့ FlashSongs သီချင်းများကို တင်လိုပါက ။ သီချင်းနာမည်
အဆိုတော် နာမည်တို့ကို ။ n.lin.s.121.n.l.s@mm-flashsongs.com သို့ Email
ပေးပို့ ထားနိုင်ပါတယ်။ ညီလေး တခြား စာမျက်နှာ တွေလည်း လုပ်ထား ပါသေးတယ်။
မပြည့်စုံသေးလို့ နောက်မှပဲ မျှဝေပေး ပါတော့မယ်။
ညီလေး
ဖန်တီးထားတဲ့ အရာတွေအထဲမှာ သီချင်းတွေ အပြင် ကဗျာတွေနဲ့ ဗဟုသုတ
စာလေးတွေနဲ့ .... နောက် .... အင်တာဗျူး လေးတွေ မေးထားတာတွေကို အင်တာနက်
စာမျက်နှာတွေမှာ တွေ့ရပါ သေးတယ်။ စာပေဖက်ကိုရော ညီလေး အနေနဲ့ ဝါသနာအရ
လုပ်ဆောင်ဖြစ်တာလား ?
ဟုတ်ကဲ့
.. ညီလေးက စာဖတ်ရတာ ဗဟုသုတ ရှာရတာ ဝါသနာပါ ပါတယ် .. ။ ရင်ထဲမှာ
ရှိတာလေးတွေပဲ ဖြစ်ဖြစ် စိတ်ကူးထဲ ပေါ်လာတာ လေးတွေပဲ ဖြစ်ဖြစ် .. တချို့က
တောင်းဆိုလို့ပဲဖြစ်ဖြစ် ကဗျာလေးတွေ စာလေးတွေ ရေးဖြစ်ပါတယ်။ ညီက
သီချင်းဘက်ကို ပိုအားသန်တာ ဆိုတော့ အဆိုတော်တွေ ကိုလည်း အင်တာဗျူး
ဖြစ်ပါတယ် .. ။
သီချင်းဖန်တီးသူ
လူငယ် တစ်ယောက် အနေနဲ့ အချစ်နဲ့တွေ့နေပြီလား ? ၁၅၀၀ ဆိုတဲ့
အချစ်အကြောင်းကို ညီလေး ဘယ်လို နားလည် ခံယူထားလဲဆိုတာ ညီလေးရဲ့ ပရိတ်သတ်ကို
ပြောပြပေးဦး ...
အချစ်နဲ့
ပက်သက်တဲ့ မေးခွန်းဆိုရင်တော့ အဖြေက နည်းနည်း ဆန်းတော့မယ်။ :) ညီလေးက
အသက်ငယ်ပေမဲ့ အချစ်ကို တွေ့နေပါပြီ ။ ခံလည်း ခံစား တတ်နေပါပြီ။ အချစ်ကို
ကဗျာ ဖွဲ့လောက်ရမယ့် အထိကို အချစ်ကြောင့်ပဲ ညီလေးက ကဗျာဆရာ ဖြစ်သွားခဲ့တယ်
ဆိုပါတော့။ ၁၅၀၀ ဆိုတာက ၅၂၈ နဲ့ မတူသလိုလိုနဲ့ အမှန်တော့ တော်တော်ကို
တူပြီး တော်တော်ကို နီးစပ်ပါတယ် ။
၁၅၀၀ အချစ်နဲ့ ကိုယ်ချစ်တဲ့ သူကို ချစ်နိုင်သလို ၅၂၈ နဲ့ ချစ်ရတာ ကလည်း အရမ်းကို ပြီးပြည့်စုံတဲ့ ချစ်ခြင်းမျိုး လို့ဆိုနိုင်ပါတယ်။ တကယ်တော့ လူတစ်ယောက်ကို ချစ်မိပြီးဆိုရင် ဖြူစင်ဖို့က အရေးကြီးတာပါ။ ဖြူဖြူစင်စင်နဲ့ မှန်မှန်ကန်ကန် ချစ်ရမှာက အချစ်စစ်ရဲ့ သဘောတရားပါ။ အချစ်ကို လူတိုင်း အဓိပ္ပါယ် ဖွဲ့ဆိုကြမှာပဲ။ တစ်ယောက် တစ်မျိုးဆီပါပဲ မတူညီနိုင်ဘူးလို့ ထင်တာပဲ။ ညီလေး လက်ခံယုံကြည် တာကတော့ အချစ်ဆိုတာ ကိုယ်က အေးမျှချင်ရင် အေးမျှလို့ရတယ် ပူလောင်ချင်ရင် ပူလောင်လို့ရတယ်။ အချစ်နဲ့ ပက်သက်သမျှ အရာအားလုံးက ကိုယ့် အပေါ်မှာပဲ မူတည်တာပါ။

ညီလေး နားလည်တဲ့ အဖြူရောင် သံယောဇဉ် ၅၂၈ အကြောင်းကို ဖြေပေးပါဦး .... :)
အဖြူရောင်
ဆိုတာက သန့်ရှင်းတယ် ... စင်ကြယ်တယ်။ သူစိမ်း တစ်ယောက်နဲ့ တစ်ယောက်
ပေါင်းစပ်ဖို့ ဆိုတာ ဘယ်လိုမှ လွယ်ကူမှာ မဟုတ်ဘူး .. ။ ကြားထဲမှာ သံယောဇဉ်
နှောင်ကြိုးဆိုတာ အများကြီး လိုအပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ခင်မယ်
ရင်းနှီးမယ် ... ၅၂၈ နဲ့ အကြင်နာ ကြိုးတွေ ရစ်ပတ်မယ်။
တစ်ဦးအပေါ် တစ်ဦး နားလည်မှူ့ပေးနိုင်မယ် ယုံကြည်မှူ ထားရှိမယ်။ တစ်ဦးအပေါ် တစ်ဦး သစ္စာ ရှိသလို သစ္စာ မဖောက်ဘူး ကတိတည်မယ်။ မိဘ ရွှေမျိုး မောင်နှမ တွေလို ချစ်ခင်ယုယ ဖေးမ ကူညီမယ်။ ဒါက 528 ရဲ့ဖြစ်တည်မှူ့ အကြောင်း တစေ့တစောင်း။ ဒီလို ဖြူစင်တဲ့ ချစ်ခြင်းမျိုးကို 1500 ဆိုတဲ့ အချစ်တစ်ခု ထဲနဲ့ တချို့တွေက အရောင်ဆိုးချင်ကြတယ်။ 1500 အချစ်ဖြစ်တည်လာဖို့ အတွက် 528 ချစ်ခြင်းက ပံ့ပိုးပေးရတယ် ဆိုတာ ညီလေး ယုံကြည်ပါတယ်။
ညီလေးက
ဝါသနာအရ အခုလို လုပ်ဆောင်နေတယ် ဆိုတော့ ဆက်လက်ပြီး ဘယ်လို
လုပ်ဆောင်သွားမယ် ဆိုတာ ညီလေးရဲ့ စိတ်ကူးနဲ့ ရည်မှန်းထားမှု့လေးကို ဖြေကြား
ပေးစေလိုပါတယ်။
အခုလက်ရှိတော့
ညီလေး Flashsongs လေးတွေ ပြန်လုပ်ဖြစ်နေပါပြီး .. ။ တစ်ရက်ကို
တစ်ပုဒ်နှူန်းနဲ့ ဖန်တီးသွားမှာပါ .. ။ ရှေ့ဆက်ပြီးတော့လည်း သီချင်းရေးဖို့
ရှိပါတယ်။ ညီရေးထားတဲ့ သီချင်းလေးတွေကိုလည်း သိမ်းထားပါတယ်။ မြန်မာပြည်
ပြန်ဖြစ်ခဲ့ရင် သီချင်းလုပ်ဖို့ အပိုင်းဘက်ကို ညီလေး စဉ်စားထားပါတယ်။
အခုလောလော ဆယ်တော့ ကဗျာလေးတွေ Flashsongs လေးတွေ ဆက်လက် လုပ်ဖြစ်သွားမှာပါ။ ကြားထဲမှာ အလုပ်တွေနဲ့ လည်ပက်နေရတာမို့ မအားတဲ့ကြားက ရှေ့ဆက် ကိုယ်တက်သည့် ပညာနဲ့ အဖက်ဖက်ကနေပြီး ဖန်တီး တင်ဆက်သွားဖြစ်မှာပါ။ အဆိုတော်တွေကိုလည်း အင်တာဗျူးဖို့ ရှိပါတယ်။ ညီလေးက အဆိုတော် သီးသန့် အင်တာဗျူးတာမို့ အခွင့်ကြုံရင် ကြုံသလို တခြားသော ဝါသနာရှင် ပညာရှင်များကိုလည်း အင်တာဗျူးဖြစ်နိုင်အောင် ကြိုးစားသွားမှာပါ .. ။
သီချင်းတွေကို
တောင်းဆိုလို ရယူလိုတာပဲဖြစ်ဖြစ် ၊ FlashSong နဲ့ပက်သက်ပြီး မေးလို
သိလိုတဲ့ မိတ်ဆွေသူငယ်ချင်းတွေ အတွက် ဆက်သွယ်နိုင်မဲ့ လိပ်စာလေးကို သိပါရစေ
....
ဟုတ်ကဲ့
... ညီလေးကို ဆက်သွယ် ချင်ရင်တော့ 4nls.alin@gmail.com ကို ဆက်သွယ်နိုင်
ပါတယ် .. ။ FaceBook - သုံးသူများ အတွက်ကတော့ 4nls.alin@facebook.com
လိပ်စာကို Add ပြီး စာချန် ထားနိုင်ပါတယ် ... ။
ညီလေးရဲ့ လုပ်ဆောင်ချက် အရာတွေကို အားပေးနေတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေအတွက် တစ်ခုခုပြောပေးပါဦး ....
ညီလေးက
မင်းသား မဟုတ်သလို အဆိုတော်လည်း မဟုတ်ဘူး။ ဒါပေမဲ့ ညီလေးကို အားပေးနေကြတဲ့
အစ်ကိုတွေ အစ်မတွေ အားလုံးကို တကယ် စိတ်ရင်းမှန်နဲ့ ညီလေး
ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်သော ဘဝသစ် ကလေး တစ်ခုကို
စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ ပြီးပြည့်စုံသော အိမ်မက် တစ်ခုကို
အကောင် အထည် ဖော်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် .. ။
အခုလို
အင်တာဗျူး မေးမြန်းသမျှ စိတ်ရှည် လက်ရှည်ဖြေကြားပေးသော Flash Songs
ဖန်တီးရှင် ညီငယ် အလင်း အား ကျွန်တော်တို့ရဲ့ မလေးရှား အွန်လိုင်း မီဒီယာမှ
ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ နောက်လည်း ဝါသနာပါသော အရာတွေကို အင်တာနက်မှာ
မျှဝေနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။
ဟုတ်ကဲ့
... အခုလို အချိန်ယူပြီး မေးမြန်းပေးတဲ့ မလေးရှား အွန်လိုင်း မီဒီယာမှ
ဘလော့ဂါ ကိုနေဇော်လင်း ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်လည်းပဲ
ပြန်လည် ဆုံဆည်းနိုင် ပါရစေလို့ မျှော်လင့်လျှက်ပါ။ စာဖတ် ဝါသနာရှင်
ပရိသတ်ကိုလည်း ကျေးဇူးကလေးတွေ တင်ပါတယ်။ အားလုံးပဲ အိပ်မက် လှလှလေးတွေ
မက်ခွင့် ရပါစေ .. ။ :P

ဝါသနာရှင် ဖလက်ရှ်စောင်း ဖန်တီးသူ ညီငယ် အလင်း ပြုလုပ်ထားသော
သီချင်းလေးများကို စုစည်းပြီး စာဖတ်သူ မိတ်ဆွေများအားလုံးကို မျှဝေလိုက်ပါတယ်။
ညီငယ် အလင်း နဲ့တွေ့ဆုံပြီး စာဖတ်သူများကို
အင်တာဗျူးအဖြစ် ဖန်တီး စီစဉ် တင်ဆက် မျှဝေပေး လိုက်ပါတယ်။

















စစ လုပ်တဲ့ နေရာမှာ သီချင်းစာသား အဝင်အထွက် အရမ်းခက်ခဲ ခဲ့ပါတယ်။ အပုံတွေ ထည့်ရင်လည်း မညီမညာ စာသားတွေကလည်း သီချင်းနဲ့ လွဲနေတယ်။ သီချင်း ၃ လေး ပုဒ်လောက် အဲ့လို အခက်အခဲလေး တွေနဲ့ ကြုံခဲ့ရပါတယ် .. ။
တဖြေးဖြေး ကြိုးစားရင်းက နောက်ပိုင်း အဆင်ပြေ လာတယ်။ Flash Songs လုပ်တဲ့ နေရာမှာ စိတ်ရှည်ဖို့ ကလည်း အဓိက ကျပါတယ်။ Flash Songs ပညာရှင် အမျိုးမျိုးနဲ့ ကိုယ် မသိတာလေးတွေ မေးမြန်းခဲ့လို့ ဒီလောက်ထိ ဖန်တီးလာနိုင်တာပါ .. ။ အခုဆိုရင်တော့ Flash Songs လုပ်ရတာ သြော် .... တော်တော် လွယ်ပါလားလို့ တောင် ပြောရတော့ မလားပဲဗျာ .. ။ :)



သီချင်းတွေ အများဆုံးကတော့ သီချင်းစာသားနဲ့ လိုက်ဖက်စေမဲ့ အပုံလေးတွေ ဒီဇိုင်းလေးတွေကို ညီလေး စိတ်ကူးလေးနဲ့ လုပ်ဖြစ်ပါတယ် .. ။




တချို့တွေကလည်း သီချင်းလေးတွေ အလွယ်တကူ နားထောင်ရလို့ Flash Songs ဆိုတာကို ကျေးဇူးတင် နေကြမှာပါ။ အောင်မြင်မှုထက် တဖက်သားကို စေတနာ နဲ့ ကူညီဖြည့်ဆည်း ရတာမျိုးကို ကျေနပ်ပါတယ်။


Gtalk မှာပဲ ဖြစ်ဖြစ် facebook မှာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မျှဝေလို့လည်း ရတယ်။ နောက်ခံ ဒီဇိုင်းလေးတွေ ကြည့်ရင်း နားထောင် ရတာမျိုးက သီချင်းရဲ့ အနှစ်သာရကို ပေါ်လွင်စေပါတယ်။ Flash Songs သီချင်းလေးတွေကို ဖန်တီးထားတဲ့ ကြည့်ပြီး ပျော်ရွင်စေတယ်။
ကိုယ့်ချစ်သူ မွေးနေ့ လက်ဆောင်တို့ ချစ်သူများနေ့ တို့မှာလည်း အမှတ်တရ လက်ဆောင်ပေးနိုင်ပြီး ကိုယ်ခင်မင်ရတဲ့ သူတွေကိုလည်း MP3 ကိုလက်ဆောင် ပေးတာထက် လှလှလေး ဖန်တီးထားတဲ့ Flash Songs လက်ဆောင်လေးကို ပေးမယ်ဆိုရင် အကြိုက်တွေ့စေမှာ ဖြစ်တယ်လို့ ညီလေး ထင်ပါတယ်။



မသိမရှိတာများ ကိုလည်း Flash Songs ပညာရှင်များထံ မေးမြန်းပါ .. ။ ညီလေးကိုလည်း လိုအပ်တာလေးတွေ မေးနိုင် အကူညီ တောင်းနိုင်ပါတယ်။ ညီလေး တက်နိုင် သလောက် ပြန်လည်ဖြေကြား ပေးသွားမှာပါ .. ။


Website ... ဒီဇိုင်းလေးတွေ နည်းနည်းပါးပါး လုပ်ဖြစ်တယ်။ ညီလေး လုပ်ပြီးသား သီချင်းတွေကို သီချင်း စာမျက်နှာ 11 နဲ့ စာမျက်နှာ 12 မှာ တင်ဖြစ်ပါတယ်။ ကိုယ်ပိုင် ဖန်တီးထား သူတွေရဲ့ Flash Songs Links တွေကိုလည်း သေသေချာချာ လှလှပပလေး တင်ပေး ပါတယ်။ ကျန်တဲ့ ဆိုဒ်နှစ်ခုမှာ Admin လုပ်ခဲ့ပေမဲ့ ညီလေး ခရီးထွက်လိုက်ရလို့ အဲ့ဆိုဒ်နှစ်ခုစလုံးထဲ လုံးဝ မဝင်ဖြစ်တော့တာ အခုထိပါပဲ။
ကိုယ်ပိုင် ဆိုဒ်လေးတွေ အများကြီး လုပ်ဖြစ်ပါသေးတယ်။ ညီလေး သီချင်းလေးတွေ တင်ဖို့အတွက် Free Site တော်တော် များများ Google က ရှာဖွေ ခဲ့ပါသေးတယ်။ တော်တော် များများလဲ တွေ့ပါတယ်။ HTML လက်ခံတဲ့ ဆိုဒ်မှန်သမျှ ညီလေး လုပ်ဖြစ်ခဲ့ပါတယ် .. ။ ဒါပေမဲ့ သီချင်း လင့် တင်တဲ့ နေရာမှာ အစဉ်တကျ မဖြစ်ဘူး ပြောရမယ်ဆို Ning ဆိုဒ်တွေလောက် သီချင်းတင်လို့ အဆင်မပြေဘူး .. ။
ကျန်တာတွေ အကုန် အဆင်ပြေတယ်။ တစ်ခုပြီးတစ်ခု ရှာဖွေခဲ့ပါတယ် မြန်မာဖောင့် လက်မခံတဲ့ ဆိုဒ်တွေကော် HTML လက်မခံတဲ့ ဆိုဒ်တွေကော် Get Started / Sign Up လုပ်ခဲ့ပါတယ်။ အဆင်မပြေ တာတွေက များပါတယ်။ Multiply နဲ့ Blogspot တွေမှာ Flashsongs တင်လို့ အဆင်ပြေပေမယ့် China မှာက ဘမ်းထားတဲ့ အတွက် .. ဝင်လို့မရတော့ မလုပ်ဖြစ်ပါဘူး .. ။ အဲ့လိုပါပဲ အချိန်မပေးနိုင်လို့ ပစ်ထားရတာတွေ လည်း အများကြီးပါ တနေ့နေ့ တစ်ရက်ရက် တော့ အချိန်ပေးနိုင်ကောင်း အခွင့်ကြုံရင် ညီလေး သေသေချာချာ ဆိုဒ်တစ်ခု ထောင်ဖြစ်မှာပါ .. ။






၁၅၀၀ အချစ်နဲ့ ကိုယ်ချစ်တဲ့ သူကို ချစ်နိုင်သလို ၅၂၈ နဲ့ ချစ်ရတာ ကလည်း အရမ်းကို ပြီးပြည့်စုံတဲ့ ချစ်ခြင်းမျိုး လို့ဆိုနိုင်ပါတယ်။ တကယ်တော့ လူတစ်ယောက်ကို ချစ်မိပြီးဆိုရင် ဖြူစင်ဖို့က အရေးကြီးတာပါ။ ဖြူဖြူစင်စင်နဲ့ မှန်မှန်ကန်ကန် ချစ်ရမှာက အချစ်စစ်ရဲ့ သဘောတရားပါ။ အချစ်ကို လူတိုင်း အဓိပ္ပါယ် ဖွဲ့ဆိုကြမှာပဲ။ တစ်ယောက် တစ်မျိုးဆီပါပဲ မတူညီနိုင်ဘူးလို့ ထင်တာပဲ။ ညီလေး လက်ခံယုံကြည် တာကတော့ အချစ်ဆိုတာ ကိုယ်က အေးမျှချင်ရင် အေးမျှလို့ရတယ် ပူလောင်ချင်ရင် ပူလောင်လို့ရတယ်။ အချစ်နဲ့ ပက်သက်သမျှ အရာအားလုံးက ကိုယ့် အပေါ်မှာပဲ မူတည်တာပါ။



တစ်ဦးအပေါ် တစ်ဦး နားလည်မှူ့ပေးနိုင်မယ် ယုံကြည်မှူ ထားရှိမယ်။ တစ်ဦးအပေါ် တစ်ဦး သစ္စာ ရှိသလို သစ္စာ မဖောက်ဘူး ကတိတည်မယ်။ မိဘ ရွှေမျိုး မောင်နှမ တွေလို ချစ်ခင်ယုယ ဖေးမ ကူညီမယ်။ ဒါက 528 ရဲ့ဖြစ်တည်မှူ့ အကြောင်း တစေ့တစောင်း။ ဒီလို ဖြူစင်တဲ့ ချစ်ခြင်းမျိုးကို 1500 ဆိုတဲ့ အချစ်တစ်ခု ထဲနဲ့ တချို့တွေက အရောင်ဆိုးချင်ကြတယ်။ 1500 အချစ်ဖြစ်တည်လာဖို့ အတွက် 528 ချစ်ခြင်းက ပံ့ပိုးပေးရတယ် ဆိုတာ ညီလေး ယုံကြည်ပါတယ်။


အခုလောလော ဆယ်တော့ ကဗျာလေးတွေ Flashsongs လေးတွေ ဆက်လက် လုပ်ဖြစ်သွားမှာပါ။ ကြားထဲမှာ အလုပ်တွေနဲ့ လည်ပက်နေရတာမို့ မအားတဲ့ကြားက ရှေ့ဆက် ကိုယ်တက်သည့် ပညာနဲ့ အဖက်ဖက်ကနေပြီး ဖန်တီး တင်ဆက်သွားဖြစ်မှာပါ။ အဆိုတော်တွေကိုလည်း အင်တာဗျူးဖို့ ရှိပါတယ်။ ညီလေးက အဆိုတော် သီးသန့် အင်တာဗျူးတာမို့ အခွင့်ကြုံရင် ကြုံသလို တခြားသော ဝါသနာရှင် ပညာရှင်များကိုလည်း အင်တာဗျူးဖြစ်နိုင်အောင် ကြိုးစားသွားမှာပါ .. ။







ဝါသနာရှင် ဖလက်ရှ်စောင်း ဖန်တီးသူ ညီငယ် အလင်း ပြုလုပ်ထားသော
သီချင်းလေးများကို စုစည်းပြီး စာဖတ်သူ မိတ်ဆွေများအားလုံးကို မျှဝေလိုက်ပါတယ်။

သီချင်းကို ရပ်ထားချင်ရင် သီချင်းပေါ် ညာကလစ်ထောက် ငါးကြောင်းမြှောက်က Play ကို နှိပ်ပေးပါ .. ။

နေဇော်လင်း
(အင်တာဗျူး ၊ ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

" target="_self">mmflashsong ၀ါသနာရှင် လင်းနစ်နှင့် အင်တာဗျူး(အင်တာဗျူး ၊ ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

ကျွန်တော့်သူငယ်ချင်း ချစ်သည်းရင်းတုံး (ခ)လင်းနစ် အင်တာဗျူးလေးကို ပြန်လည်မျှဝေလိုက်ပါသည် လေးစားလျက် (လမင်း)
No comments:
Post a Comment