လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, January 11, 2013

ဘ၀ကို လှည့်စားတတ်သူ

ဘ၀ ပျက်မတတ်ပဲ
ဝိုင်တစ်ခွက်လိုလဲ အရသာရှိတယ်
အရက်တစ်ခွက်လိုလဲ အရှိန်တတ်တယ်
ဆေးခြောက်တစ်ဖွာလိုလဲ ငြိမ်စေတတ်တယ်
ထွေပြားေ၀၀ါး သွားအောင်လဲ
လူတစ်ရောက်ကို ပြောင်းလဲစေတယ်..။

သိက္ခာ၊ ဂုဏ်ဓာတ်ကို ထိခိုက်နိုင်စေသလို
အများအမြင်မှာလဲ ထင်ပေါ်ကျော်ကြား စေတတ်တယ်
ကြောက်စရာလဲကောင်းတယ်
လိုအပ်သလောက်လဲ ရှိသင့်တယ်..။


နေရာမှန်သမျှ အသုံးများပီး
မျက်လုံး တစ်ဖက်မှိတ်သွားတတ်တယ်..
အပေါင်းသင်း မိတ်ဆွေ ပတ်ဝန်းကျင်ကြားမှာလဲ
ခေါင်းပုံ ဖြတ်သွားတတ်တယ်...။

လူသားတွေကို စွဲဆောင်နိုင်တယ်
ပြောင်းလဲစေတယ် အောက်ခြေလွတ်လွယ်တယ်
လှည့်စားသွားတတ်တယ်.. ။

ငွေကြောင့် ဒုက္ခ ရောက်တတ်တယ်
သတိ / သတိ / သတိ

မူပိုင် (လမင်း) http://www.nllamin.blogspot.com
ဇန်န၀ါရီ / ၁၂ ရက်



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...