လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, January 11, 2013

ပူစီ ကိုက်တဲ့ချစ်သူ *-♥












ကိုယ်ထက် ငယ်သူကို
ချစ်မိတာ အပြစ်တော့ မတင်ပါဘူးဗျာ..

တစ်ခါတစ်ခါ လာပြန်သည်
စိတ်စိုး စိတ်ကောက်တွေနဲ့
အဆုံးမသတ်တော့တဲ့
နေ့ / ညများထဲ အလှုပ်မဟုတ်တဲ့ ကိစ္စတွေ
လာလာနှောက်နေတာ ရပ်တန်းကရပ်ပါတော့
ငယ်သူမို့ ချစ်ရတဲ့သူရေ


အခုဆို ဖုန်းပိတ်အိပ်ရတဲ့ ည
မနက်မနက်ဆို ပုန်းရှောင်နေရတဲ့ ဘဝ
ဒါတောင် အငိုက်မိတဲ့ အချိန်မှာ
တကောက်ကောက်နဲ့
တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်
ခြေတိုအောင် နင် ခိုင်းရပ်တယ်...

ငယ်သူမို့ ချစ်မိပါသည်

လိုတာရှိရင် (ပူစီ) တစ်ကောင်လိုပဲ
ချွဲနွဲ့တတ်တာ ချစ်စရာ ...
မဟုတ်ပြန်ရင်လည်း ... (Beauty Dog)
တစ်ကောင်လိုပဲ ဆွာတာ ချစ်စရာ ..

ငယ်သူမို့ အပြစ်မမြင်
ချစ်မိနေတာ ငါ့ ကမ္ဘာ...

မူပိုင် (လမင်း) http://www.nllamin.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...