♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Sunday, April 28, 2013
(ရင့်ကျက်သူဖြစ်ဖို့)
(ရင့်ကျက်သူဖြစ်ဖို့)
(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။
(၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။
(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။
(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။
(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။
(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။
မယား ၁ဝ-ဦးမှာ…
နောက်တစ်ခုက
မယား ၁၀-ဦးတဲ့…။ ဒီ မယား ၁၀-ဦးနဲ့ ကျူးလွန် မိရင်လည်း အမျိုးသားကော
အမျိုးသမီးပါ ကာမေသုကံ ထိုက်တယ်တဲ့နော။ ကဲ ကိုကိုတို့ကော မမတို့ပါ ထပ်မှတ်
လိုက်ပါဦး။
မယား ၁ဝ-ဦးမှာ…
၁၁။ ဥစ္စာဖြင့် ဝယ်ယူ ပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ် အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ် ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ် ပေါင်းသင်းသော မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။
ကဲဗျို့ ကိုကိုပုရိသ တို့ကော၊ မမ ဣတ္ထိယ တို့ကော ကျွန်တော် ခုရေးပြီး သလောက်ထဲက ဘယ်နှစ်ယောက်များ လွတ်ကင်း ကြပါပြီလဲ။ ဒါမှမဟုတ် ဘယ်အချက် တွေနဲ့များ ငြိစွန်း နေပြီလဲ။ ထားပါ မေးတော့ပါဘူး၊ ဖြေမယ့်သူ မရှိမှာ စိုးလို့။
(ကိုးကားသမျှ ပြန်လည် တင်ပြသည် ) အားလုံးကို လေးစားလျက်

ပထမဆုံးက အစောင့်အရှောက် (အုပ်ထိန်းသူ) ရှိတဲ့ အမျိုးသမီး ၁၀-ဦး တဲ့။ မှတ်လိုက်ပါဦး။
အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ…
၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။
(နောင်တ - ၁၀ ပါး )
ငယ်ခါကလျှင်၊
မသင်ပညာ၊
ဥစ္စာမစု၊
သူ့ကိုချစ်ဖျက်၊
သူ့သက်သတ်စား၊
သူ့မယား၌၊ ပြစ်မှားတုံဘိ၊
ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊
မွေးမြူမိဘ၊ မပြုရနှင့်၊
ဆုံးမ မနာ၊
ပညာရှိထံ၊ နည်းခံမမှတ်၊
အမြတ်မကျင့်၊
ဤဆယ်ဆင့်ကား၊
ကြီးရင့်ဇရာ၊ အိုသောခါလျှင်၊
ပူဆာနောင်တ၊ ရတတ်စွတည့်။
(မဃဒေ၀လင်္ကာသစ် ပိုဒ် ၃၂၁-တတိယပိုင်း၊ ပုတ္တောဝါဒခန်း)
ကြီးရင့်ဇရာ၊ အိုသောခါတွင်၊ ပူဆာနောင်တ၊ ရတတ်စွ-လို့ ဆိုတဲ့အတိုင်း အသက်အရွယ် ကြီးရင့်လို့ အိုမင်းပြီ ဆိုတဲ့အခါမှာ နောင်တ ရတတ်တဲ့တရား၊ ငါငယ်ငယ်တုန်းက မလုပ်ခဲ့မိတာ မှားလေစွလို့ ပူပန်ရတတ်တဲ့ တရား ၁၀-မျိုး ရှိပါတယ်။
၁။ ငယ်စဉ်ကာလ စာပေမသင်ခဲ့မိရင်လည်း ကြီးလာတော့ မသင်ခဲ့ရကောင်းလားလို့ နောင်တ ရတတ်ပါတယ်။
◄----♥--ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်--♥----►
♥--ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်--♥
(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။
(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။
(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။
(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...

ငါ့ အကျင့်
(ငါ့ အကျင့်)
ပိုင်ဆိုင်ဖို့အတွက် ချစ်ခဲ့တာမဟုတ်ပါဘုး
စွန့်လွှတ်ဖို့အတွက်လဲ ချစ်ခဲ့တာ မဟုတ်ပါဘူး
အစထည်းက အနိုင် အရှုံး တွက်ချက်ပီး အချစ်ကို စားသုံးဖို့အတွက် မရည်ရွယ်ခဲ့ပါဘူး
အချစ်စစ်ကို တကယ်တွေ့လိုက်ရတဲ့အချိန်မှာ
မင်းနဲ့ ဝေးနေ နီးနေ အမြဲတမ်း ချစ်နေမှာပါ
မင်းကို တန်းဖိုးထားဖို့
မင်းကို ပျော်ရွှင်စေဖို့
မင်းပျော်ဖို့အတွက် အပျော်တွေကို ဖန်တီးပေးချင်သူပါ
မင်းရဲ့ လိုအပ်ချက် ကွက်လပ်တွေကို ငါအမြဲတမ်း ဖြည့်စီး ပေးပြီး နေထိုင်သွားချင်တာ ငါ့အကျင့်ပါ

Thursday, April 25, 2013
ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ကွမ်းရွက်
ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။
အကိုက်အခဲပျောက်စေပါတယ်
ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။
မွေးကျွတ်နာကို သက်သာစေပါတယ်
ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ြ ပီး
ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို
ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင်
အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ
ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက
ပေါက်သွားပါလိမ့်မယ်။
ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။
အကိုက်အခဲပျောက်စေပါတယ်
ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။
မွေးကျွတ်နာကို သက်သာစေပါတယ်
ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ြ
(ကျောင်းတော်ကြီးမှ ...ဝေးရာဆီ)
အခွဲလည်းခက် ခွဲရဲ့ရမည်
သိနေသည်လေ.....
အတူနေခွင့် ဝေးလွင့်ပျက်ပျယ် အိပ်မက်နှယ်ပင်......
မခွာချင်လည်း ရင်ရှိုက်နှင့်လျက်
ဝမ်းရေးအတွက် ခရီးဆက်ရမည်....
ကျောင်းတော်ကြီးမှ ......
ဝေးရာဆီ....
ငါပေးမဲ့ စကားလေးတစ်ခွန်း
နင် လိုအပ်တဲ့အချိန်တိုင်း
ငါ့ကို ခေါ်သာခိုင်းပါ...။
ဒါက ငါချစ်တဲ့ နင့်အတွက်
ပေးနိုင်တဲ့ ပေးဆပ်ချင်းတစ်ခု အတွက်ပဲ.. ။
စောင်းမြောင်းပြီး ကြည့်မနေပါနဲ့
ငါ့အပေါ် မင်းထားတဲ့ ခံယူချက်ကို
မင်း ဟန်ပန် အမှုအရာနဲ့ ငါ... အလုံးဆုံမသိပေမဲ့
ငါ မြင်ယောင်နေပါတယ်.. ။
ဘာမှ ပြည့်စုံချင်းမရှိတဲ့ ငါလိုကောင်မှာ
မင်းတက်မက်စရာ ဘာရှိမှာလဲ ... ဒါကို ငါသိပါတယ်.. ။
မပြေလည်တဲ့ ကမ္ဘာမှာ
အနေအထိုင်ကျဉ်းတဲ့ ငါ့.. ဘ၀ကတော့ ..
မင်းကို ဘာများပေးဆပ်နိုင်ဦးမလဲ ... ။
မင်း မုန်းတဲ့ စကားလုံး အသုံးနှုန်းတစ်ခုကို
ငါကြောက်တယ်.. ငါကြောက်တယ်..
မလိုအပ်တော့ရင် ငါ့ကို ပစ်သွားပါ.. ဘာမှမပြောပဲ...။
ငါ ပေးဆပ်နိုင်တဲ့ စကားလေး တစ်ခွန်းတော့ ပြောချင်တယ်... ( ------------------) ။
တစ်ထောင့်တစ်နေရာက (လမင်း)
http://nllamin.blogspot.com/

ချစ်စံအိမ်လေး
(ချစ်စံအိမ်လေး )
နာကျင်နေပါစေ
ပြန်မလာဘူးဆိုပြီး ထားသွားပါစေ
နင့်တွက် ငါအမြဲတမ်း လက်ကိုင်ထားနိုင်တာလေးက
ခွင့်လွှတ်ချင်းလဲမဟုတ်ဘူး ရယူချင်းလည်းမဟုတ်ဘူး
နားလည်မှုတွေနဲ့ မေတ္တာတရားနဲ့ တည်ဆောက်မဲ့
တို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ အချစ်စံအိမ်လေး တစ်ခုပဲ
အန်လ်အယ်လ်အေ
ဘုန်းဘုန်းအချစ်
♥-**(ဘုန်းဘုန်းအချစ်)**-♥
ကတုံးကြီးနဲ့ နှာစီးတတ်တဲ့ ..
ဘုန်းဘုန်းမှာလည်း ... အသည်းနှလုံးနဲ့ပါ.. တကာမ ..
ဝင်လေ ထွက်လေ ရှူ့မှတ်တဲ့ တရားက ...
အခုတော့ ချစ်လေ ချစ်လေ ဖြစ်နေပါပြီ...
ဘုန်းဘုန်းလည်း တရားမရတော့ပါဘူး..
နှလုံးသား တစ်ခုတည်းနဲ့ ရူးတတ်တဲ့ .. လူတွေကြားမှာ..
ဘုန်းဘုန်းလည်... ကတုံးကြီးနဲ့ တစ်မျိုး ထူးတဲ့ အချစ်ကို...
ပိုင်ဆိုင်ခွင့် ပြုလိုက်ပါတော့... ။
မှတ်ချက်။....။ ကန်တော့ ကန်တော့ .. (စ)သည် (နောက်)သည် ရေးသည်..။
လေးစားလျက် (အန်လ်အယ်လ်အေ)

နင် မြင်မှာမဟုတ်ပါဘူး ... ငါ့ ရင်ခွင်ကို .
--►♥◄----(နင် မြင်မှာမဟုတ်ပါဘူး ... ငါ့ ရင်ခွင်ကို .. )---►♥◄----
ပြန်လာပါလို့လည်း မပြောဘူး ..
ပြန်သွားပါလို့လည်း မပြောဘူး ..
ဒါကို နင်က .. ငါ့ကို သစ္စာမရှိတဲ့ ကောင်ဆိုပြီး. .
လက်ညှိုးထိုး .. ပြီး.. ပြောပြောနေတယ်... ။
နင်နဲ့ ..ချစ်ပြီး.. အိမ်ထောင်ကြတဲ့နေ့တွေတောင်..
ရက်တွေ လတွေ ..နှစ်တွေတောင် ချီနေပြီး...
ဒါတောင် နင် .. ငါ့အပေါ် နားလည်မှုမရှိသေးဘူး ...
တခါတခါတော့ စိတ်ကုန်မီတယ်..
မုန်းလို့မရတဲ့အဖြစ်တွေကြောင့် .. ချစ်နေရရုံပဲရှိတော့တယ်...
ငါ့ဘက်လှည့်ပြီး. . တစ်ခါလောက်ကျင်နာပေးကြည့်ပါလား ..
နင့်မာန .. နင့်အတ္တတွေ ..နင့် စိတ်ဓာတ်တွေ အိမ်ထောင်ကျပြီးမှ ..
ပိုပြီးသိလာတယ်ဆိုရတော့မယ်... ။
အစကတော့ တစ်မျိုးလေး ရိုးရိုးလေးလို့ ဆိုထားတဲ့ ငါ့မှာ..
အခုကျတော့ နွားလုံးလုံးဖြစ်နေပြီလို့ ... ကိုယ့်ကိုယ်ကို သတ်မှတ်ရတဲ့ အဆင့်ဖြစ်နေပြီ... ။
ကွာရှင် ဖြတ်ဆဲတွေ လုပ်လို့ရတယ်ဆိုတာသိလျှက်နဲ့ ...
ငါ ဘာလို့ နင့်ကို နာ်းလည်ပေးပြီး အခုချိန်တိုင်ထိ ..
ပေါင်းသင်းခဲ့လည်း .. .နင် သိလား ... ..
ဟားးးးးးးးးး ဟားးးးးးးးးးး ဟားးးးးးးး ရယ်ချင်ပါတယ်..

(ရှက်လို့ သေသွားတဲ့ ၀ိညာဉ်)
(ရှက်လို့ သေသွားတဲ့ ၀ိညာဉ်)
ရှက်ရုံလေးနဲ့ သေသွားရတယ်လို့ဗျာ..
လူ့ပြည်လူ့လောကမှာ ..
ရှက်ရှက်နဲ့ ဘုရင်လုပ်နေတဲ့ လူတွေကြားရင် အားနာဖို့တောင် ကောင်းတယ်.. ။
(အန်လ်အယ်လ်အေ)
ရှက်ရုံလေးနဲ့ သေသွားရတယ်လို့ဗျာ..
လူ့ပြည်လူ့လောကမှာ ..
ရှက်ရှက်နဲ့ ဘုရင်လုပ်နေတဲ့ လူတွေကြားရင် အားနာဖို့တောင် ကောင်းတယ်.. ။
(အန်လ်အယ်လ်အေ)
(ဘာကြောင့် .... ။ ဘာကြောင့်....တွေးမိလည်း)
***************************************
ဒီလိုမျိုးလေး သူငယ်ချင်းတို့လဲ ခံစားဘူးမှာပေါ့..
ကျွန်တော် မျှော်လင့်ထားသော အိမ်မက်တစ်ခုက သူကျွန်တော့်ကို ဥပေက္ခာ မပြုဖို့ပါ...
ကျွန်တော် မျှော်လင့်ချက်မထားဘဲ သူ့ကို ပေးဆပ်ခဲ့တာပါ.. (ကျေနပ်ပါတယ်)
ဒါပင်မဲ့ မျှော်လင့်ချက်မရှိရင်တောင် လူတိုင်းရသင့်ရထိုက်တဲ့
မျှော်လင့်ခွင့်လေးတော့ ရှိပါတယ်..
သူဟာ ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် ကျွန်တော်ကြောင့် ကျွန်တော်ကြောင့်လို့ ပြောပင်မဲ့
ကျွန်တော်ဟာ ဘာဘဲလုပ်လုပ် မင်းအတွက် မင်းအတွက်ဆိုပြီး အံကြိတ် ပြုံးနေသူပါ..။
ဘယ်လို ခံစားပီးရေးနေပါစေ နောက်ဆုံးဘူတာဆိုက်တာ
ကျွန်တော် မေ့လို့မရ သူ့ကို ချစ်နေတုန်းပါ..။
သူငယ်ချင်းတို့ရေ ကျွန်တော် ဘာဆက်လုပ်ရမလည်း ..
ဒါကို ..အမှန်တကယ် L♥VE လို့ ခေါ်ရတော့မလား .... ။
******************************************

ဒဏ်ရာ
နင့်ကြောင့်ရတဲ့ ဒဏ်ရာတွေကို .. ။
ဘယ်သူက လာကုစားပေးမှာတုန်း.... ။
ရင်ဘက်ကိုဖိ ... အသံမထွက်အောင်... အံကိုကြိတ်ပြီး ..
ဒဏ်ရာတွေကို .. နာကျင်လျက် အခန်းကျဉ်းငယ်ထည်းမှာ.. ။
ငါ့အပြင် .... ဘယ်သူ ရှိနေအုန်းမလည်း .. ။
မိုးမိုးပြောသလိုပဲ .. အရာအားလုံးဟာ...
ငါ..မှားလား.... မင်း...မှန်လား..... ဖြစ်ကုန်ပြီ...။
(အန်လ်)

ငါ...ခံစားသလို ..♥.. နင် မခံစားရပါဘူး
◄----ငါ...ခံစားသလို ..♥.. နင် မခံစားရပါဘူး----►
နှုတ်ခမ်းဖျားထက်က ထွက်လာတဲ့ .. စကားလုံးတစ်ရပ်က ..
ခမ်းနားလှတဲ့ ... မြို့ပြအိမ်တော်တွေတောင်.. လိုက်မမှီပါဘူး ...။
သွေးထွက်မတတ်ချစ်ခဲ့တဲ့ ..နှလုံးသားကို ..
ရက်ရက်စက်စက် .. ပိုင်းဖြတ်ပြီးမှ... So Sorry ပါဆိုတဲ့ စကားက..
လှောင်ပြောင်နေတာလား ... ။
ရက် / လ / နှစ်တို့နဲ့ ကျော်ကာ အတူဖြတ်သန်းတဲ့ .. ငါ့အချစ်က ..
မင်း ... စကားတစ်ခွန်းနဲ့ ရပ်တန့်ကာ တစ်စဆီ ကြေကွဲသွားခဲ့ပြီ..။
အခုတော့ ဒဏ်ရာက မကျက် ..
နှာကစီး.. အဖျားကကြီးတော့ ..
ဒေါသ မီးတွေ လောင်မြိုက်ပြီ..။
(အန်လ်အန်လ်အေ)

Subscribe to:
Posts (Atom)
Comment ;
HTML Comment Box is loading comments...