လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, April 25, 2013

နင် မြင်မှာမဟုတ်ပါဘူး ... ငါ့ ရင်ခွင်ကို .

--►♥◄----(နင် မြင်မှာမဟုတ်ပါဘူး ... ငါ့ ရင်ခွင်ကို .. )---►♥◄----

ပြန်လာပါလို့လည်း မပြောဘူး ..
ပြန်သွားပါလို့လည်း မပြောဘူး ..
ဒါကို နင်က .. ငါ့ကို သစ္စာမရှိတဲ့ ကောင်ဆိုပြီး. .
လက်ညှိုးထိုး .. ပြီး.. ပြောပြောနေတယ်... ။

နင်နဲ့ ..ချစ်ပြီး.. အိမ်ထောင်ကြတဲ့နေ့တွေတောင်..
ရက်တွေ လတွေ ..နှစ်တွေတောင် ချီနေပြီး...
ဒါတောင် နင် .. ငါ့အပေါ် နားလည်မှုမရှိသေးဘူး ...

တခါတခါတော့ စိတ်ကုန်မီတယ်..
မုန်းလို့မရတဲ့အဖြစ်တွေကြောင့် .. ချစ်နေရရုံပဲရှိတော့တယ်...
ငါ့ဘက်လှည့်ပြီး. . တစ်ခါလောက်ကျင်နာပေးကြည့်ပါလား ..

နင့်မာန .. နင့်အတ္တတွေ ..နင့် စိတ်ဓာတ်တွေ အိမ်ထောင်ကျပြီးမှ ..
ပိုပြီးသိလာတယ်ဆိုရတော့မယ်... ။

အစကတော့ တစ်မျိုးလေး ရိုးရိုးလေးလို့ ဆိုထားတဲ့ ငါ့မှာ..
အခုကျတော့ နွားလုံးလုံးဖြစ်နေပြီလို့ ... ကိုယ့်ကိုယ်ကို သတ်မှတ်ရတဲ့ အဆင့်ဖြစ်နေပြီ... ။

ကွာရှင် ဖြတ်ဆဲတွေ လုပ်လို့ရတယ်ဆိုတာသိလျှက်နဲ့ ...
ငါ ဘာလို့ နင့်ကို နာ်းလည်ပေးပြီး အခုချိန်တိုင်ထိ ..
ပေါင်းသင်းခဲ့လည်း .. .နင် သိလား ... ..

ဟားးးးးးးးးး ဟားးးးးးးးးးး ဟားးးးးးးး ရယ်ချင်ပါတယ်..

တကယ်တော့ နင်သိဖို့နေနေသာသာ ..
ငါဘယ်တုန်းကမှ ထုတ်ဖော်မပြသခဲ့ဘူး.. နင့်ကို ... ။
ဒါပင်မဲ့ .. ငါ နင့်ကို ရင်ထဲကနေ .. အစကနေ အဆုံးထိတိုင်.. .
ဂရုစိုက်နေတာပါ.. ကွာ...
ဂရုစိုက်နေတာပါ.. ကွာ...

(နင် မြင်မှာမဟုတ်ပါဘူး ... ငါ့ ရင်ခွင်ကို .. )

အငှား ..ရင်တွင်းဖြစ် (အန်လ်အယ်လ်အေ)

မှတ်ချက်...။ ..။အားပေးဖတ်ရှု့ကြသော သူငယ်ချင်းများ ကျေးဇူးတင်လျက်..။

Photo: ---►♥◄----(နင် မြင်မှာမဟုတ်ပါဘူး ... ငါ့ ရင်ခွင်ကို .. )---►♥◄----

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...