► ၀င်ခဲ့လေကွယ် . . .◄
လူရယ်လို့ဖြစ်လာကြရင် အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြရမှာ မလွဲပါ။
တကယ်တမ်းပြန်စဉ်းစားရင် လူ့ဘ၀အစမှာကတည်းက အငိုနဲ့ စတင်ခဲ့ကြရတာ မဟုတ်ပါလား။
“ အူဝဲ ” ရယ်လို့ ငိုသံပေးပြီး လူ့လောကထဲကို ရောက်လာတဲ့ အချိန်မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာတစ်ခုမှ ရှိခဲ့ကြတာ မဟုတ်ပဲ အနှီးစကလေးတစ်ခုတောင် သူများခြုံပေးမှ ပိုင်ဆိုင်ခွင့်ရကြတာပါ။ အသိဥာဏ်ဆိုတာလည်း ဗလာနတ္တိ၊ ဘာသာစကားရယ်လို့လည်း လုံးဝမရှိခဲ့ဘဲ စိတ်အလိုမကျတာ၊ အများသိစေချင်တာတွေကို တပင်တပန်း အော်ဟစ်ငိုကြွေးပြခဲ့ကြရတဲ့ အခြေအနေက အစပြုခဲ့ကြရတာ လူတိုင်းပဲဖြစ်ပါတယ်။ ဒီအခြေအနေ၊ ဒီအနေအထားကနေ တစ်ဆင့်ချင်း သင်ယူ၊ လေ့လာကြရင်း တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးရင့်လာကြရပါတယ်။ အသက်တွေကြီးရင့်လာသလို အသိဥာဏ်တွေ ရင့်သန်လာဖို့ဆိုတာကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုပေါ်
သိုးဆောင်းစကားပုံတစ်ခုက ဆိုပါတယ်။
“ သင်မွေးဖွားလာချိန်မှာ သင်က ငိုကြွေးပြီး လောကကြီးက ကြည်နူးရယ်မောနေတယ်…
သင်သေဆုံးချိန်မှာ သင်ကရယ်မောပြီး လောကကြီးက ၀မ်းနည်းပူဆွေးပြီး ငိုကြွေးကျန်ရစ်စေရမယ် ”
မှန်ပါတယ်။ တစ်ရက်ပြီးတစ်ရက် သေမင်းနိုင်ငံကို နီးသည်ထက်နီးအောင် သွားနေကြရတဲ့ လူသားဘ၀မှာ ကျန်နေရစ်စရာ၊ ချန်ထားရစ်စရာ သမိုင်းကြောင်းတစ်စတော့ နောင်လာနောက်သားတွေအတွက် ချန်ထားရစ်နိုင်မှပဲ လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ အဲဒီသမိုင်းကြောင်းကို ချွေးနဲ့ရေးမလား၊ သွေးနဲ့ရေးမလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်နေပါတယ်။