လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, January 3, 2014

အမတ်ကြီးသို့ပေး..စာ


(အမတ်ကြီးသို့ပေး..စာ)

အချစ်မရှိတဲ့ ..သူဟာ
အမြစ်မရှိတဲ့ သစ်ပင်ပမာ
ဘယ်လိုလုပ် ရှင်သန်ကြီးထွားနိုင်မှာလဲ..။

ရတနာကောင်း မှန်သမျှ
တွင်းနက်ကြီးတွေမှာ အောင်းနေတာပါ..
အပေါ်ယံ (ကျောက်စိမ်း ၊ စိန်)တွေထက်
အရောင်အဆင်း အရည်အသွေး ပိုပြည့်တာဧကန်..။


လွယ်လွယ်ကူကူနဲ့ ပင်ပန်းမခံဘူးဆိုရင် မရနိုင်ဘူး
မရထိုက်ဘူးမပြောဘူးနော်
ကြိုးစားရင် ကြိုးစားသလောက်ပေါ့...။

ငှားလာပြီးမှ ပိုင်ဆိုင်ချင်ပါတယ် မလုပ်နဲ့လေ
အပိုင်လိုချင်ရင်တော့ ၀ယ်ရမှာပေါ့

ကြည့်နေတဲ့သူတွေထဲက
နှုတ်ခမ်းတွန့်လေးတစ်စုံမှာ
အပြုံးရိပ်ကလေး တွဲလွဲခဏခိုလိုက်တာ
ကျွန်တော်မြင်လိုက်တယ်..။
(စိတ်ကူးနဲ့ ခံစားချက်လေးကတော့ တယ်ကိုမိုက်ပါပေ..။)
(သူတော့သိမှာမဟုတ်ဘူး)
(ကိုယ့်အတွက်တော့ စိတ်ချမ်းသာစရာကြီးပါပဲ..။)

တကယ်သာ အပြုံးရိပ်ကလေး
အနီးနားမှာရှိရင် ထင်သာမြင်သာ(ရင်ထဲကအရာ)
သက်သေ ပြသင့်တာဧကန် / မမှန်မကန်ရင်တော့ ဝေးရပြီပေါ့..။

အခုတော့ အတိတ်ကဖြစ်ရပ်လေးက
ကိုယ့်အတွက် အမှတ်တရ ၊ လွမ်းရ
ကြာမြင့်ခဲ့ပီမို့ (ပိုင်ရှင်မရှိတဲ့..စာ)ရေ

မျှော်လင့်ခွင့်မရှိတော့..ပင်မဲ့
မျှော်လင့်နေရသူမို့
ကျွန်တော်ကပဲ (ခေါင်းစဉ်) တက်လိုက်ပါတယ်..။

အမတ်ကြီးရေ......
မချစ်ဘူးသေးပဲ ..ခံစားရတာထက်
အခုလို ချစ်မီခဲ့ပြီး ခံစားရတာ တန်ပါတယ်..။

အမတ်ကြီးရေ....
အချစ်ငတ်နေသူနှင့် မချစ်တတ်သောသူတို့
တွေ့ဆုံရတဲ့ တစ်ခန်းရပ် ပြဇာတ်လေး ဖြစ်ပါလေရော်..။

သိမှာမဟုတ်ပါဘူး
အချစ်တွေကိုပါ..။
(ပိုင်ရှင်မရှိတဲ့..စာ)

မှတ်ချက် / တစ်ထောင့်တစ်နေရာက မူပိုင်-(အန်လ်အယ်လ်အေ) - (4-1-2014)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...