လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, January 6, 2014

ဆရာမဖြစ်ချင်ပါနဲ့ စရာဖြစ်အောင်ကြိုးစားပါ

ပစ္စည်း ဥစ္စာဆိုတာ မမြဲသောအရာတွေပါ ..
ပုထုဇဉ် လူသားအများစုဟာ ..
ဂုဏ် ရာထူး ရွှေ ငွေ တွေပေါ်မှာ.. အလိုရမက်တွေ အရမ်းရှိကြတယ်..

ရင်ထဲက မေတ္တာစစ်ဟာ ..
ဒီဂရီ မရှိပါဘူး တိုင်းတာလို့ မရပါဘူး ..
ဘယ်ပေတံနဲ့ တိုင်းတာမလဲ .. မြင့်မိုရ်တောင်နဲ့ရော် ယှဉ်ဦးမလား .
နှိုင်းယှဉ်လို့မရပါဘူး .. ။

တစ်ဦးက မေတ္တာ
တစ်ဦးက စေတနာ ဆိုတာ အဓိကပါဘဲ..


လောကမှာ အမှန်တရားကို မမြင်သေးတဲ့
ကျွန်တော်တို့တွေဟာ တရားအမှန်ကိုလဲ သိနိုင် မြင်နိုင်မည် မဟုတ်သေးပါ..

တရားအမှန်ကို သိမှ အမှန်တရားကို လက်ခံသိမြင်ပြီး ..တရားအမှန်ကိုသိမြင်ရမှာဧကန်..

တစ်ရက်ပြီးတစ်ရက် ပြုလုပ်ခဲ့သမျှ ကိစ္စအ၀၀ကို သေချာစဉ်းစားပါ...
မှန်သလား မှားသလားနဲ့ မှန်သလိုလို မှားသလိုလိုနဲ့ နေ့ရက်တွေဟာ ..
နေ၀င်ရတာ များနေပါပြီး ..

အမှန်တရားကို လက်ခံပြီး မှန်တာကို ထုတ်ဖော်ပြောပြနိုင်အောင် ကြိုးစားပါ..
ဆရာဆိုတာ လူတိုင်း လုပ်လို့ရပါတယ်.. လူတိုင်းဖြစ်နိုင်ပါတယ်..

ဒါပင်မဲ့ ဆရာမဖြစ်ချင်ပါနဲ့ စရာ ဖြစ်အောင် ကြိုးစားပါ..

တစ်ထောင့်တစ်နေရာက (အန်လ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...