
◄ ပလပ်ဖောင်း ပျိုးခင်း ►
ပညာမသင်ရ ..
တစ်ချို့သော ကလေးလေးတွေဘဝ
အနာဂတ်လေး ကောင်းစားဖို့အရေး ..
ပလပ်ဖောင်းထပ် ပညာတွေ ဝေမျှ
သင်ကာ ပြတဲ့ ဆရာ/ဆရာမများ
မေတ္တာကြီးမားလှပါပေ .. ။
သားတို့ဘ၀ သမီးတို့ဘ၀လေး
ရည်မှန်းချက်လည်း သိပါပြီ
ပျော်စရာ ကမ္ဘာလေးလည်း ရှိလာပြီ..။
စာနာစိတ် ဂရုဏစိတ် မေတ္တာစိတ် ရှေ့ထားကာ..
ကျောသား ရင်သား မခွဲခြားပဲ ..
ဝိုင်းပါ ၀န်းပါ ကူညီပါဆိုတဲ့ စိတ်နဲ့အညီ
တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးသူများကိုလည်း
လက်အုပ်ရှစ်ခိုးလို့ သားတို့ သမီးတို့ ကျေးဇူးတင်ပါသည် .. ။
အမိမြန်မာပြည် ဖလပ်ဖောင်းမှစ ..
မြို့ပြများကိုပါ လင်းလတ်စေတော့မည် .. ။
ထိုအမွေ ထိုခွန်အားတို့
ပေးစွမ်းလှပါသည် သားတို့ သမီးတို့အပေါ်..။
အရင်လို ပလပ်ဖောင်းထပ်က ဆူးခင်းလမ်းလဲမဟုတ်တော့ပါ
ပန်းခင်းသောလမ်းသို့ လျှောက်လှမ်းရင်း
မနက်ဖြန်ဟူသော နေ့ရက်များဆီသို့ ... ။
မှတ်ချက် /- တီဗီမှတဆင့် (ပလပ်ဖောင်း ပျိုးခင်း) ဆိုတဲ့ ဖလပ်ဖောင်းပေါ်တွင်
ပညာဒါန ပြုလုပ်သူများနှင့် ဆင်းရဲသော ဘ၀ထဲက ကလေးငယ်များကို ဖလပ်ဖောင်းထပ်က မီးတိုင်ပမာ လမ်းပြပေးနေကြသူများနှင့် အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီပေးသူများ၊ ပညာသင်ကြားမှု ခံယူကြသော သားငယ် / သမီးငယ်များ အားလုံးကို
ဖေ့ဘုတ်စ်မှ တဆင့် အားတိုက် အင်တိုက် ၀မ်းမြှောက်ကြောင်း ဂုဏ်ယူမီကြောင်း ရေးသားခြင်း (24.3.2014 / အန်လ်အယ်လ်အေ)
No comments:
Post a Comment