တစ်နေ့တွင် ဦးမြသည် ဥပုသ်စောင့်ရန် ဘုန်းကြီးကျောင်းသို့ထွက်ခဲ့သည်။
ကျောင်းရောက်ပြီး အတန်ကြာတွင် ဘုန်းကြီးက “ ဟဲ့ ဒကာမြ ၁၁ နာရီထိုးပြီလား
သွားကြည့်စမ်း” ခိုင်းလိုက်ပုံဖြစ်၏။ ဦးမြသည် နာရီကြည့်လိုက်
နေကိုကြည့်လိုက်လုပ်ပြီး တုန်တုန်ယင်ယင်ဖြင့် လျှောက်ထားလိုက်သည် မှာကား “
မှန်ပါ့၊ ၁၁ နာရီထိုးမယ်ဆိုရင်လည်း ထိုးလောက်ပါပြီ ဘုရား” လို့ ကာတွန်းက
အဆုံးသတ် ထားတယ်။ ဘုန်းကြီးလည်း ပါးစပ်အဟောင်းသားနှင့်ပေါ့။
ဒီကာတွန်းလေးကိုဖတ်ပြီး အတွေးတစ်ခုဝင်လာတယ်။ လွှတ်တော်တို့ သတင်းစာရှင်းလင်းပွဲတို့မှာ အချို့ဖြေတဲ့ အဖြေနဲ့ နှိုင်းယှဉ်ကြည့်မိလို့ပါ။ သတင်းဖတ်တဲ့ ပြည်သူတွေ ရှင်းရှင်းသိရအောင် နာရီကြည့်တတ်အောင်သင်ပြီး တိတိကျကျဖြေမယ်ဆိုရင်တော့ ။
No comments:
Post a Comment