******************************************************************
အရွယ်နှင့် ရင့်ကျက်မှု ..(သိသင့်တယ်)
အသက်လေးဆယ်အရွယ်တွင် လူတိုင်း လေးဆယ်၏ အတွေးအခေါ် ၊
အတွေ့အကြုံကို ရမည်မှာ ဆန်းသည်မဟုတ်..။
အရွယ်နှင့်အမျှ ထိုက်တန်သော ရင့်ကျက်မှုကို ရစေသည်မှာ -
မှန်သော်လည်း ထိုအရွယ်မေ၇ာက်ခင် စောစီးစွာ ရင့်ကျက်မှုကို
ဖြစ်စေနိုင်ပါသည် ။
ပေါ့ဆစွာနေသူနှင့် လေးနက်တည်ကြည်စွာ စဉ်းစား တွေးခေါ်သူတို့၏
အရွယ်တူသော်လည်း ရင့်ကျက်မှု ကွာခြားသည်ကို တွေ့နိုင်မည် ဖြစ်သည်..။
ဖြစ်ချင်မှု တစ်ခုကို ဖြည့်ဆည်းရာတွင် ရင့်ကျက်မှုသည် စွမ်းအင်တစ်ပါးအဖြစ်
ပါဝင်သည် ..။ လေးဆယ်အရွယ်၏ ရင့်ကျက်မှုနှင့် အတွေးအခေါ်ကို
သုံးဆယ်မှာရသူသည် ဆယ်နှစ်စာရှေ့ပြေးသည်ဟု မှတ်ချက်ပြုနိုင်ပါသည်..။
ထိုမှတစ်ပါး အကျိုးလည်း တူမည်မဟုတ်..။ ရင့်ကျက်မှု လျင်မြန်စွာ ရစေနိုင်သော
နေရာများမှာ စာအုပ် .၊ စာပေ မိမိ၏ကိုယ်ပိုင် ပတ်ဝန်းကျင်အပေါ် လေ့လာမှု ၊
အတွေ့အကြုံရှိသူတို့၏ တစ်ဆင့်ကမ်းစကားများ ဖြစ်ပါသည်..။
ရင့်ကျက်မှုရှိလာသည်နှင့်အမျှ တုန်လှုပ်မှုလည်း နည်းပါးလာမည် ဖြစ်သည်။
လုပ်ငန်းအ၀၀ကို တည်ငြိမ်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အဆိုးအကောင်းကို
ရင်ဆိုင်နိုင်ခြင်းက အင်အားတစ်ခုအဖြစ် အခြားသူထက် သာလွန် နေပြီဖြစ်သည်..။
**************************************************************
No comments:
Post a Comment