လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, April 22, 2012

အချစ်ရိုင်းပန်း..........!

 အချစ်ရိုင်းပန်း..........!

ပေးလိုက်သော်လဲ ပြန်မရပါ
စွန့်လွှတ်သော်လဲ ရင်ဝယ်မမေ့ပါ
ဝေးရအောင်လဲ ငါမဖန်ခဲ့ပါ
ဆွေးရအောင်လဲ ငါမကြံခဲ့ပါ.........။
ပေးတာအချစ် ရတာအမုန်း
ဆပ်တဲ့ဝဋ်ကြွေး မကုန်နိုင်လို့
ကဗျာတစ်ပုဒ် ပေတစ်ထုပ်နဲ့
ရင်တွင်းစကား ဖွင့်ဟလိုက်သည်..........။

မောင့်လိုလူသား ချစ်ပိုင်ရှင်ကို
သည်ကမ္ဘာလောက ဖွေရှာကြည့်ပါ
နူးညံ့နွေးထွေး အကြင်နာများစွာ
ပေးဆပ်ဖို့အတွက် စတေးခြင်းများစွာ............။
သဲလက်တစ်ဆုပ် ကိုင်ကာဆုတောင်း
တစ်ပွင့်သဲသည် တစ်ဘ၀သို့
ချစ်ဦးသူနှင့် ပေါင်းသောလောက
ဖြစ်ပါစေဟု တိုင်တည်ပါ၏............။
ဆွေးမြေ့ ညှိုးနွမ်း အလျင်းမရှိ
သစ်ခွသစ္စာ တိုင်တည်ပါ၏
သတိရတိုင်း ရေဖြင့်လောင်းပါ
အချစ်ရိုင်းပန်း ရှင်စေသော်...........။
(မှတ်ချက်။ ။ကိုကြီးကျော် မှ သူငယ်ချင်း တစ်ယောက် အတွက် အထူးခံစားတင်ပြသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...